- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာနိုင်ငံ၏ အခက်အခဲများကိုကျော်ဖြတ်နိုင်ရန် NLD ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် သက်ဆိုင်သူများနှင့်တွေ့ဆုံသွားမည်ဟု မစ္စတာဆာဆာကာဝါပြော
လက်ရှိမြန်မာနိုင်ငံ၏ အခက်အခဲများကိုကျော်ဖြတ်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် သက်ဆိုင်သည့်ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကပြောကြားခဲ့သည်။
16 Nov 2021
DMG ၊ နိုဝင်ဘာ ၁၆
လက်ရှိမြန်မာနိုင်ငံ၏ အခက်အခဲများကိုကျော်ဖြတ်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် သက်ဆိုင်သည့်ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏အခြေအနေသည် ရှုပ်ထွေးနေသည့်အခြေအနေတွင်ရှိနေသည့်အတွက် အဆိုပါအခက်အခဲများကို မည်သည့်ပုံစံမျိုးဖြင့်ဆောင်ရွက်လျှင်ကျော်ဖြတ်နိုင်မည်ကို လေ့လာသွားမည်ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရခိုင်ကသတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် မစ္စတာ ဆာဆာကာဝါက ပြောကြားခဲ့သည်။
“ဒီခရီးစဉ်မှာ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ရှစ်လေးလုံးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့တွေ့ပြီး အခန်းကဏ္ဍအသီးသီးရဲ့ ခေါင်းဆောင်တွေနဲ့တွေ့ပြီး သူတို့ဆီတွေက ကြားသိရတဲ့စကားတွေကိုလေ့လာပြီး အဲဒီအပေါ်မှာအခြေခံပြီး ခွဲခြမ်းစိတ်ဖြာပြီးမှ ဘယ်ပုံစံနဲ့ဆောင်ရွက်သွားမလဲဆိုတာကို လေ့လာဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
မစ္စတာဆာဆာကာဝါသည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ယင်းနေ့တွင် ရက္ခိုင့်တပ်တော်(AA)ခေါင်းဆောင်များနှင့် အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံခဲ့သည်။ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်ကိုသို့ရောက်ရှိလာပြီး စစ်တွေမြို့မှ ဒုက္ခသည်စခန်းများနှင့် စစ်ဘေးရှောင်စခန်းများကို သွားရောက်လေ့လာခဲ့သလို ရခိုင်အမျိုးသားပါတီ(ANP)နှင့်လည်း သီးသန့်တွေ့ဆုံခဲ့သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မစ္စတာဆာဆာကာဝါနှင့် ရခိုင့်ဦးဆောင်ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့ ရန်ကုန်မြို့တွင်တွေ့ဆုံရန်ရှိကြောင်းလည်း သိရှိရသည်။
မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများရပ်တန့်ရန် အဓိကကြားဝင် ညှိနှိုင်းပေးခဲ့သူဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်များမှာ ဖမ်းဆီးခံထားရသည်။