- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေ-မြောက်ဦး ပြေးဆွဲနေသည့် ရွှေပြည်တန်ခရီးစဉ် ယာယီရပ်နားထားရဆဲ
စစ်တွေ-မြောက်ဦးပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်ကို ပြီးခဲ့သည့်သြဂုတ်လ ၂၉ ရက်နေ့မှစ၍ ရခိုင်ပြည်နယ် ရေကြောင်းဦးစီးဌာန၏ညွှန်ကြားချက်အရ ယာယီရပ်နားထားကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက DMG ကိုပြောသည်။
10 Sep 2022
DMG ၊ စက်တင်ဘာ ၁၀
စစ်တွေ-မြောက်ဦးပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်ကို ပြီးခဲ့သည့်သြဂုတ်လ ၂၉ ရက်နေ့မှစ၍ ရခိုင်ပြည်နယ် ရေကြောင်းဦးစီးဌာန၏ညွှန်ကြားချက်အရ ယာယီရပ်နားထားကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက DMG ကိုပြောသည်။
သြဂုတ်လ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ လက္ကာရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်အကြာတွင် ထိုသို့ရပ်နားရန် ညွှန်ကြားလာခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထပ်မံညွှန်ကြားလာခြင်းမရှိသေးသောကြောင့် ခရီးစဉ်ကိုရပ်နားထားရဆဲဟု ၎င်းကဆိုသည်။
“ပြန်ဖွင့်ဖို့ဆိုရင် အကြောင်းကြားပေးမယ်လို့ သူတို့ပြောပါတယ်။ ရပ်နားထားတာက စစ်တွေ-မြောက်ဦးခရီးစဉ် တစ်ခုတည်းပါ။ ကျွန်တော်တို့လည်း သူတို့ဆီက ပြန်ပြီးအကြောင်းကြားလာမှာကို စောင့်နေတာ။ အကြောင်းကြားတာနဲ့ ချက်ချင်းပြန်ပြေးဆွဲမှာပါ”ဟု ဦးစံမော်သိန်းကဆိုသည်။
“ခရီးသွားပြည်သူတွေကတော့ နည်းနည်းအခက်အခဲရှိလာမှာပါ။ ဘာလို့လဲဆိုတော့ ရေကြောင်းခရီးစဉ်တွေက ကားနဲ့စာရင် ပိုပြီးဈေးသက်သာတယ်လေ။ ဆီဈေးတက်လို့ အကျိုးအမြတ်မရှိပေမဲ့ ကျွန်တော်တို့မှာလည်း လုပ်ငန်းကိုလည်ပတ်အောင် လုပ်ထားရတာပါပဲ“ဟု ၎င်းကဆက်ပြောသည်။
ထိုကဲ့သို့ စစ်တွေ-မြောက်ဦးရေကြောင်းခရီးစဉ်ကို ယာယီရပ်နားထားသောကြောင့် ခရီးသွားပြည်သူများမှာလည်း ယခင်ကထက် ငွေကြေးပိုကုန်ကျလာပြီး အခက်အခဲများဖြစ်နေကြရသည်ဟု စစ်တွေ-မြောက်ဦး သွားလာနေသည့် မြောက်ဦးမြို့ခံတစ်ဦးက DMG ကိုပြောသည်။
မြောက်ဦး-စစ်တွေ ရွှေပြည်တန်ရေကြောင်းခရီးစဉ်မှာ ရိုးရိုးတန်း ၆၀၀၀ ကျပ်နှင့် အထူးတန်း ၇၀၀၀ ကျပ်တို့ဖြစ်ကြပြီး မြောက်ဦး-စစ်တွေ ကုန်းလမ်းကြောင်းဆိုလျှင် ငွေကျပ် ၁၅၀၀၀ ကျပ်ခန့်ကုန်ကျသဖြင့် ကုန်းလမ်းကြောင်းနဲ့စာလျှင် ရေလမ်းကြောင်းက ပိုပြီးငွေကြေးကုန်ကျသက်သာသည်။
“အရေးကြီးလို့ ဆေးခန်းကိစ္စ၊ ရုံးကိစ္စနဲ့လူတွေတော့ နည်းနည်းထိခိုက်မှာပေါ့။ ရေလမ်းခရီးဈေးနှုန်းက ကားလမ်းထက်သာတယ်လေ။ ကားလမ်းတွေကတော့ ဖွင့်ထားပါတယ်။ ရေလမ်းခရီးကို ဘာလို့ ယာယီရပ်ထားတယ်ဆိုတာတော့ ကျွန်တော်တို့လည်း ခန့်မှန်းမပြောချင်ပါဘူး“ဟု ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကလည်း စစ်တွေမြို့တွင် စစ်ကောင်စီတပ်သားနှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးခဲ့သောကြောင့် စစ်တွေမြို့မှ တခြားမြို့နယ်များသို့ သွားလာနေသည့် ရေကြောင်းခရီးစဉ်အားလုံးကိုပိတ်ပင်ခဲ့ပြီး ဇူလိုင်လ ၂ ရက်နေ့မှ ရေလမ်းကြောင်းအားလုံးကို ပြန်လည်ပြေးဆွဲခွင့်ပေးခဲ့သည်။