- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တိုင်းပြည်တည်ဆောက်ချင်သောကြောင့် တော်လှန်ရေးအဖွဲ့များ၊ NUG တို့နှင့် မိတ်ဆွေအဖြစ် ဆက်ဆံခြင်းဟု AA ပြော
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ စစ်မှန်သည့် ဒီမိုကရေစီရရှိရေးကြိုးပမ်းနေမှုများကို အသိအမှတ်ပြု ပြီး တိုင်းပြည်တည်ဆောက်ချင်သောကြောင့် အဆိုပါအဖွဲ့အစည်းအပြင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် မိတ်ဆွေ အဖြစ် ဆက်ဆံခြင်းဟု ယနေ့ (ဇွန်လ ၁၄ရက်)နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့် ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောလိုက်သည်။
14 Jun 2022
DMG ၊ ဇွန် ၁၄
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ စစ်မှန်သည့် ဒီမိုကရေစီရရှိရေးကြိုးပမ်းနေမှုများကို အသိအမှတ်ပြု ပြီး တိုင်းပြည်တည်ဆောက်ချင်သောကြောင့် အဆိုပါအဖွဲ့အစည်းအပြင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် မိတ်ဆွေ အဖြစ် ဆက်ဆံခြင်းဟု ယနေ့ (ဇွန်လ ၁၄ရက်)နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့် ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောလိုက်သည်။
AAအနေဖြင့် ရန်သူထက်မိတ်ဆွေကို ပိုလိုလားပြီး တော်လှန်ရေးဆင်နွှဲသည်ဆိုသည်မှာ တိုင်းပြည်တည် ဆောက်ချင်သည့် ရည်ရွယ်ချက်ဖြင့် ဖြစ်သောကြောင့် မိတ်ဆွေများလျှင် ပိုကောင်းသည့်အတွက် အမျိုးသား လွတ်တော်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့်အဖွဲ့အစည်းများ၊NUG၊ PDF တို့နှင့် မိတ်ဆွေအဖြစ်ဆက်ဆံ နေခြင်းဟု ၎င်းက ပြောသည်။
“NUGနဲ့ဆက်ဆံရေးအခြေအနေကတော့ မဆိုးပါ။ဆိုတော့ ကျနော်တို့မှာ ဘယ်သူနဲ့မဆို ရန်သူထက် မိတ်ဆွေ ကိုပဲ ပိုပြီး လိုလားပါတယ်။တော်လှန်ရေးဆင်နွှဲတယ်ဆိုရင် ကျနော်တို့ တိုင်းပြည် တည်ဆောက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်တာ ဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေ အများကြီး ရှိရင်ကောင်းတယ်။ အဲဒါကြောင့်ကျနော်တို့က လောလောဆယ် ဘယ်အခြေအနေမှာမဆို မြန်မာပြည်မှာ ကျနော်တို့အခု အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲ ဝင်နေကြတဲ့အဖွဲ့အစည်းတွေ အားလုံးနဲ့NUG ၊PDFတွေအပြင် အားလုံးကို ကျနော်တို့က မိတ်ဆွေ အဖြစ်နဲ့ပဲကျနော်တို့ဆက်ဆက်ဆံနေတာဖြစ်ပါတယ် ”ဟု သူကပြောသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့်ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)တို့ ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့တွင် အွန်လိုင်းမှ ၂ နာရီကြာတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။နှစ်ဖက်ကြား ပူးပေါင်းဆောင် ရွက်နိုင်မည့်ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ဦးခိုင်သုခက ပြောသည်။
“NUGနဲ့တွေ့တဲ့အခါကျနော်တို့ နှစ်ဖက်ကြားမှာ ဘာတွေ ပူးပေါင်း ဆောင်ရွက်နိုင်မှာလဲဆိုတဲ့ ကိစ္စတွေကို ကျနော်တို့ဆွေးနွေးခဲ့တာတွေရှိတယ်။ အဓိကကတော့ ကျနော်တို့အရင်ကပြောခဲ့တဲ့အတိုင်း NUG အပေါ်ကျနော်တို့သဘောထားကတော့ NUG နဲ့ PDF တွေ ကြိုးပမ်းနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး အဲဒါတွေကိုတော့ကျနော်တို့ အနေနဲ့ ဘာမှကန့်ကွက်စရာမရှိပါ။ဖိနှိပ်ခံရမှုအောက်က လွတ်မြောက်ဖို့၊ ကြိုးစားမှုတွေကိုကျနော်တို့အနေနဲ့ အသိမှတ်ပြုပါတယ်”ဟု သူကပြောသည်။
လတ်တလောတွင် ရက္ခိုင့်တပ်တော်သည် NUG နှင့်ဆက်ဆံရေးအခြေအနေမဆိုးဟု ပြောဆိုသော်လည်း အခြား တစ်ဖက်တွင် မြန်မာစစ်တပ်နှင့်စစ်ရေးတင်းမှုများရှိနေပြီး စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့လည်း မတက်ရောက်ခဲ့ပေ။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်တာကတော့ လတ်တလောမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ လတ်တလောတိုက်ပွဲဝင်နေတဲ့မဟာမိတ်တပ်တွေရဲံ နိုင်ငံရေးရပ်တည်ချက်တွေ၊ နောက်တစ်ချက်က လတ်တလောရခိုင်ပြည်မှာဖြစ်နေတဲ့ဖိနှိပ်မှုတွေ ဖမ်းဆီးမှုတွေနဲ့ဆက်ဆံရေးအခြေအနေ တွေ ၊ပြောရမယ်ဆိုရင် အပြောနဲ့အလုပ်မညီတဲ့ အနေအထားတွေအပေါ်မှာအခြေအနေနဲ့ လိုက်လျောညီထွေစွာ ကျနော်တို့ဆုံးဖြတ်ပြီး မတက်တာဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ပြောကြားခဲ့သည်။
ရက္ခိုင့်တပ်တော်သည် အာဏာသိမ်းပြီးနောက် စစ်တပ်ကို တော်လှန်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် တော်(BPLA)နှင့်တခြား ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့အချို့ကိုလည်း စစ်သင်တန်းပေးခြင်း၊အကြံဉာဏ်ပေးခြင်း နှင့်လက်နက်တပ်ဆင်ပေးမှုတို့လည်းရှိသည်။