- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လေကြောင်းပစ်ခတ်မှုကြောင့် ဖလူးလေးစစ်ဘေးရှောင်စခန်းနှင့် သောင်ရင်းမြစ်ကမ်းအနီးစစ်ဘေးရှောင်များ ထိုင်းနိုင်ငံအတွင်းသို့ ထပ်မံရွှေ့ပြောင်း
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ ဖလူးလေးကျေးရွာအတွင်းတည်ရှိသော DKBA ပူးပေါင်းအဖွဲ့မှ ဗိုလ်စလုံး၏ ပင်မအခြေကုပ်စခန်းဖြစ်ပြီး စစ်ဘေးရှောင်ဒေသခံ ၃၀၀ ကျော်ခိုလှုံနေရကာ ယမန်နေ့ စစ်ကောင်စီ၏ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံဘက်သို့ စခန်းစွန့်ခွာထွက်ပြေးခဲ့ရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
17 Jan 2022
DMG ၊ ဇန်နဝါရီ ၁၇
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့၌ ကရင်အမျိုးသားဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)ပူးပေါင်းအဖွဲ့ ရှေ့တန်းစခန်းဖြစ်သော မြဝတီမြို့အရှေ့တောင်ဘက် ဖလူးလေးကျေးရွာတိုက်ပွဲအတွင်း နယ်စပ်ဒေသအနီး သောင်ရင်းမြစ်ကမ်းတွင်ရှိနေသည့် ဒေသခံစစ်ဘေးရှောင်များမှာ စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးဖြင့်တိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဒေသဘက်သို့ ထပ်မံရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံသတင်းအရင်းအမြစ်အရ သိရသည်။
ထိုသို့ပြောင်းရွှေ့မှုအတွင်း၌ ဖလူးလေး၊ မင်းလက်ပံ၊ ရသေ့ဂူနှင့် မယ့်သာခီးကျေးရွာတို့မှ ဒေသခံများမှာ ထိုင်းနိုင်ငံအတွင်းသို့ လုံးဝပြောင်းရွှေ့နေရပြီး အချို့မှာလည်း မိမိနေအိမ်များ၏ လုံခြုံရေးစိတ်မချမှုကြောင့် ကျန်ရစ်ခဲ့ကြောင်း ဖလူးလေးကျေးရွာတွင်နေထိုင်သည့် အမည်မဖော်လိုသူတစ်ဦးက DMG ကိုပြောသည်။
"လေယာဉ်နဲ့ကော ရဟတ်နဲ့ပါဗုံးကြဲတာတို့၊ လက်နက်ကြီးတို့နဲ့ပစ်ခတ်တာကြောင့် အိမ်ထဲမှာက လုံးဝနေမရတော့ဘူး။ နောက်ပြီးတော့ နယ်စပ်သောင်ရင်းမြစ်ကမ်းနားမှာပါ ထပ်ပြီးမနေလို့ရတော့တဲ့အခါကျတော့ ထိုင်းထဲကိုပါထပ်ပြီးပြေးရတယ်။ အိမ်တွေကိုတော့ လုံးဝစိတ်မချလို့ တချို့တလေက ကျန်ရစ်ခဲ့တယ်" ဟု ၎င်းကပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ ဖလူးလေးကျေးရွာအတွင်းတည်ရှိသော DKBA ပူးပေါင်းအဖွဲ့မှ ဗိုလ်စလုံး၏ ပင်မအခြေကုပ်စခန်းဖြစ်ပြီး စစ်ဘေးရှောင်ဒေသခံ ၃၀၀ ကျော်ခိုလှုံနေရကာ ယမန်နေ့ စစ်ကောင်စီ၏ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံဘက်သို့ စခန်းစွန့်ခွာထွက်ပြေးခဲ့ရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
"တိုက်ခိုက်ခံရတဲ့စခန်း အမှန်တကယ်က ဒုက္ခသည်တွေနေဖို့အတွက် သီးသန့်ထားတာ။ တိုက်ပွဲဝင်စခန်းတစ်ခုအဖြစ်ကောပေါ့။ အဲဒါကို စစ်ကောင်စီက လက်နက်ကြီးကော ရဟတ်ယာဉ်နဲ့ပါပစ်တာ။ ဒီကရဲဘော်တွေလည်းကျတယ်။ စစ်ဘေးရှောင်တွေကော ဒေသခံတွေကော အကုန်ထိုင်းကိုထွက်ပြေးခဲ့ရတယ်။ စခန်းလည်းဆုတ်ပေးခဲ့ရပါတယ်" ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၅ ရက်မှစတင်ပြီး လက်ရှိအချိန်အထိ ဖလူးလေး၊ မဲ့သာခီး၊ ရသေ့ဂူ၊ မင်းလက်ပံ ၊ ဖလူးကြီး၊ လေးကေ့ကော်နှင့် မဲ့ထော်သလေးတို့၌ စစ်ကောင်စီနှင့် KNLA ၊KNDO၊ DKBA ၊ DKBA(ခွဲထွက်)ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး ဒေသခံတစ်သောင်းကျော်မှာလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စစ်ဘေးရှောင်စခန်းများ၌ ခိုလှုံနေကြရဆဲဖြစ်သည်။