- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရက္ခိုင့်တပ်တော်ထံ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားရာနှင့်ချီ ရှိ
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) အဖွဲ့ထဲသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ရာနှင့်ချီရှိနေသည်ဟု ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင်ပြုလုပ်သည့် တတိယအကြိမ်မြောက် ULA/AA ၏ သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုလိုက်သည်။
14 Jun 2022
DMG ၊ ဇွန် ၁၄
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) အဖွဲ့ထဲသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ရာနှင့်ချီရှိနေသည်ဟု ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင်ပြုလုပ်သည့် တတိယအကြိမ်မြောက် ULA/AA ၏ သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုလိုက်သည်။
ထိုသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်သားများအား လူသားချင်းနာစာမှု အပြည့်အဝပေးကာ ကူညီပေးထားကြောင်း ရက္ခိုင့်တပ်တော် (ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“AA ဘက်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အရေအတွက် ရာနဲ့ချီပြီးရှိပါတယ်။ အဲ့လူတွေကို တတ်နိုင်သမျှ လူသားချင်းစာနာမှုအပြည့်နဲ့ ကျနော်တို့ ကူညီပေးနေတာရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
ရက္ခိုင့်တပ်တော် (AA) ထံသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား အရေအတွက်ကို ထုတ်ဖော်၍ ပြောဆိုမရသေးကြောင်း အဆိုပါ တပ်သားများအား အကောင်းဆုံးအကူအညီများဖြင့် နေရာချပေးထားသည်ဟု ဆိုသည်။
“လူအရေအတွက် အတိကျကိုတော့ ကျနော်တို့ ထုတ်ပြောဖို့မရှိပါဘူး။ အဲ့လိုထွက်ပြေးလာပြီး ကျနော်ဆီကို ရောက်လာရင်တော့ အတတ်နိုင်ဆုံး၊ အကောင်းဆုံးအကူအညီပေးတာတွေ၊ နေရာချထားပေးတာတွေကို ကျနော်တို့လုပ်နေတယ်ဆိုတာကိုတော့ ကျနော့်အနေနဲ့ ဖြေကြားလိုပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
ရက္ခိုင့်တပ်တော် (AA) ၏ ထိုသို့လုပ်ရပ်မှာ တပ်တော်ကောင်းတစ်ခု၏ လုပ်ရပ်ဖြစ်သည်ဟု ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ထောက်ပြသည်။
“စစ်သုံ့ပန်းဆိုပေမယ့် လူသားတစ်ယောက်နဲ့ပဲ လူသားချင်းစာနာမှု အပြည့်နဲ့ကူညီဆောင် ရွက်ပေးနေတာ ကတော့ တပ်တော်ကောင်းတစ်ခုရဲ့ လုပ်ရပ်ဖြစ်တယ်လို့ပဲမြင်ပါတယ်” ဟု ဒေါ်ညိုအေးက ပြောသည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို လက်မခံသည့်အတွက် နည်းမျိုးစုံဖြင့် အာဏာရှင်စနစ်ကို တွန်းလှန်တိုက် ခိုက်လျက်ရှိနေကြသည်။ တစ်ဖက်မှာ စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်းထမ်းအချို့မှာ အာဏာပြသည့်စနစ်ကို မလိုလားသဖြင့် CDM လုပ်ကာ လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေသည်။