စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်ဖွင့်နိုင်ရန်စီစဉ်နေဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းကို မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြည်နယ်ကောင်စီမှ စီစဉ်နေကြောင်း သိရသည်။

06 Sep 2021

DMG ၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းကို မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြည်နယ်ကောင်စီမှ စီစဉ်နေကြောင်း သိရသည်။
“ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဘယ်တော့ပြန်ဖွင့်မလဲ။ သက်ဆိုင်သူတွေ မေးကြပါတယ်။ မကြာမီဖွင့်နိုင်ဖို့ ပြည်နယ်အစိုးရ စီစဉ်နေပါတယ်လို့ပဲဖြေပါရစေ”ဟု ပြည်နယ်ကောင်စီ ပြန်ကြားရေးတာဝန်ခံဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ပြောကြားထားသည်။

သို့သော် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း မည်သည့်အချိန်တွင်ဖွင့်လှစ်မည်ကို တိတိကျကျပြောဆိုထားခြင်းမရှိသေးပေ။

အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းကို COVID-19 ကာကွယ် ထိန်းချုပ်တားဆီးနိုင်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့မှစ၍ ပြည်ကောင်စီ၏ညွှန်ကြားချက်ဖြင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းပိတ်လိုက်သည့်အတွက် စခန်းကိုအမှီပြုပြီး လုပ်ကိုင်စားသောက်နေကြသည့် အလုပ်သမား ၃၀၀ ဦးခန့်မှာ မိသားစုစားဝတ်နေရေး အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

“ကြှန်တော်တို့ ဒီကုန်သွယ်ရေးအလုပ်ကိုပဲ မွီခိုနေရတဲ့တာဖြစ်တယ်။ အလုပ်က အရင်လိုလည်ပတ်မှုမရွိဘူးဆိုရင်တော့ စားဝတ်နေရေးမွာထိခိုက်တာပဲ”ဟု စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်တင်ကုန်ခလြုပ်ကိုင်နေသည့် စစ်တေမြို့နယ်၊ သုံးဆောင်ကြေးရွာက ကိုစိုးမြင့်အောင်ကေပြာသည်။

အလားတူ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ကိုဗစ်ထိန်းချုပ်နိုင်ရန်ပိတ်ထားသဖြင့် အဆိုပါစခန်းကိုမှီခိုလုပ်ကိုင် စားသောက်နေသည့် အလုပ်သမား ၉၀၀ ခန့် စားဝတ်နေရေးအခက်အခဲနှင့်ကြုံတွေ့နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့မှစ၍ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ကုန်သွယ်ရန်သွားရောက်သူများထံ၌ COVID-19 ရောဂါပိုး စတင်တွေ့ရှိခဲ့သည်။

ယင်းကြောင့် ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းအား နှစ်ပတ်ကြာခေတ္တပိတ်ထားနိုင်ရန် ပြည်နယ်စစ်ကောင်စီက စီစဉ်ခဲ့သော်လည်း ကိုဗစ်ပိုးတွေ့နှုန်းမြင့်မားနေသဖြင့် ယနေ့အချိန်ပြန်လည်ဖွင့်လှစ်နိုင်မှု မရှိသေးခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့လူနာ ၄၃၈၄ ဦးနှင့် သေဆုံးသူ ၄၀၈ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ စက်တင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။