- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမြို့မှ ဟိုတယ်နှင့်တည်းခိုခန်းဝန်ထမ်းများအား “ခရီးသည်လုံခြုံမှု”လက်မှတ်ထုတ်ပေးထား
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဟိုတယ်နှင့်တည်းခိုးခန်း ခရီးသွားလုပ်ငန်းဝန်ထမ်းများအား ကိုဗစ်ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီဖြစ်သဖြင့် ခရီးသည်များယုံကြည်စိတ်ချနိုင်စေရန် “ခရီးသည်လုံခြုံမှု” လက်မှတ် ထုတ်ပေးထားကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
09 Dec 2021
DMG ၊ ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဟိုတယ်နှင့်တည်းခိုးခန်း ခရီးသွားလုပ်ငန်းဝန်ထမ်းများအား ကိုဗစ်ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီဖြစ်သဖြင့် ခရီးသည်များယုံကြည်စိတ်ချနိုင်စေရန် “ခရီးသည်လုံခြုံမှု” လက်မှတ် ထုတ်ပေးထားကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
စစ်တွေမြို့တွင် လက်ရှိဟိုတယ်နှင့်တည်းခိုခန်း ၁၆ ခုကို ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များနှင့်ညီစေရန် စစ်ဆေးပြီး ဖွင့်လှစ်ထားသည်ဟု ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်ကပြောသည်။
“အခုပြန်ဖွင့်တဲ့ ဟိုတယ်နဲ့တည်းခိုခန်းတွေကို Health and Safety Protocols(HSP)ဆိုတဲ့ တံဆိပ်ကိုထုတ်ပေးထားတယ်။ ဘာလို့ဆိုရင် ဟိုတယ်တွေကို ကိုဗစ်စည်းကမ်းနဲ့ အညီ ဖွင့်လား၊မဖွင့်လားဆိုတာ စစ်ဆေးခဲ့တယ်။ ဟိုတယ်နဲ့ တည်းခိုခန်းမှာရှိတဲ့ဝန်ထမ်းတွေကိုလည်း ကာကွယ်ဆေးထိုးပေးထားတယ်”ဟု ၎င်းကပြောသည်။
ဟိုတယ်နှင့်တည်းခိုခန်းဝန်ထမ်းများကို ကိုဗစ်စည်းကမ်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနမှ သင်တန်းပေးခြင်းများလည်းရှိကြောင်း စစ်တွေမြို့ရှိ စေတနာမိုးတည်းခိုခန်းပိုင်ရှင် ဦးငြိမ်းသူအောင်ကပြောသည်။
“ကန့်သတ်ချက်တွေကတော့ အဓိကနှာခေါင်းစည် (Mask)၊ ပြီးတော့ အပြင်ကလာလို့ရှိရင် လက်ဆေးဖို့နဲ့ တည်းခိုခန်းအပြင်ဘက်မှာ လက်ဆေးဘေစင်လေးတွေ လုပ်ပေးထားတယ်။ ခရီးဆောင်အိတ်တွေကိုလည်း ပိုးသတ်ဆေးဖြန်းတယ်”ဟု ဦးငြိမ်းသူအောင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ဟိုတယ်နှင့်တည်ခိုခန်းစုစုပေါင်း ၁၀၀ ရှိရာမှ လက်ရှိမှာ ၆၆ ခု ပြန်လည်ဖွင့်လှစ်ထားကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယခုနှစ် ခရီးသွားရာသီတွင် ဟိုတယ်နှင့်တည်းခိုခန်းများ၌ ဧည့်သည်လာရောက်မှုရှိသော်လည်း နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးကြောင်းလည်း သိရသည်။