- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မင်းပြားတွင် ဝေသာလီခေတ်လက်ရာ စတူပါတစ်ဆူ တွေ့ရှိ
နှစ်ပေါင်းတစ်ထောင်ကျော်ကြာ သက်တမ်းရှိသည့် ဝေသာလီခေတ် ရှေးဟောင်းလက်ရာ စတူပါတစ်ဆူကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဇိုင်ချောင်းကျေးရွာချောင်းထဲမှ ယနေ့(မတ်လ ၁၇ ရက်)က ဆယ်ယူတွေ့ရှိခဲ့ကြောင်း ဒေသခံများနှင့် ရခိုင်သမိုင်းသုတေသီများထံမှ သိရသည်။
17 Mar 2022
DMG ၊ မတ် ၁၇
နှစ်ပေါင်းတစ်ထောင်ကျော်ကြာ သက်တမ်းရှိသည့် ဝေသာလီခေတ် ရှေးဟောင်းလက်ရာ စတူပါတစ်ဆူကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဇိုင်ချောင်းကျေးရွာချောင်းထဲမှ ယနေ့(မတ်လ ၁၇ ရက်)က ဆယ်ယူတွေ့ရှိခဲ့ကြောင်း ဒေသခံများနှင့် ရခိုင်သမိုင်းသုတေသီများထံမှ သိရသည်။
အဆိုပါစတူပါကို ယမန်နေ့ညနေပိုင်းက ကျေးရွာသားတစ်ဦးမှ ချောင်းထဲ၌ ပိုက်ကွန်ဖြင့်ငါးရှာစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းမှ ဆယ်ယူနိုင်ခဲ့ခြင်းဟု ဇိုင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းတန် DMG ကိုပြောသည်။
“ဦးကျော်သာဆိုသူက ငါးရှာနေတုန်း ရေထဲမှာတွေ့ခဲ့တာ။ ဒီနေ့မနက်မှ ရွာသားတွေ ဝိုင်းဝန်းဆွဲတင်ကြတာ။ တချို့လူတွေကတော့ နှစ်ပေါင်းတစ်ထောင်ဝန်းကျင်က စတုပါတွေဖြစ်နိုင်တယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ရွာမှာ အယင်က တခါမှခုလိုမတွေ့ဖူးဘူး”ဟု ဦးမောင်သိန်းတန်ကပြောသည်။
ယခုတွေ့ရှိသော စတူပါမှာ အမြင့် ၃ ပေခန့်ရှိပြီး ကိုယ်ထည်တစ်ခုလုံးကို ကျောက်ဖြင့်ပြုလုပ်ထားကာ ပန်းပုံသဏ္ဍာန်များဖြင့် ထွင်း၍ပါရှိကြောင်း ဇိုင်ချောင်းကျေးရွာဒေသခံများထံမှ သိရသည်။
ထိုစတူပါမှာ ဝေသာလီခေတ်လက်ရာဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်ကျော်ခန့်ရှိပြီဟု ရခိုင်သမိုင်းသုတေသီ တစ်ဦးဖြစ်သည့် မင်းပြားမင်းသိန်းဇံကပြောသည်။
“စတူပါဆိုတာက စေတီကိုပြောတာ။ စတူပါက မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် ဝေသာလီခေတ် တစ်ခုတည်းမှာသာရှိတာ။ ရခိုင်လူမျိုးတွေအတွက် ဂုဏ်ယူစရာပေါ့။ သေသေချာချာ ထိန်းသိမ်း စောင့်ရှောက်သင့်တယ်”ဟု ၎င်းကဆိုသည်။
ထိုသို့ ရှေးဟောင်းလက်ရာ စတူပါတွေ့ရှိမှုနှင့်ပက်သတ်၍ ရှေးဟောင်းသုတေသန(မြောက်ဦး)မှ တာဝန်ရှိသူတို့ကို DMG ကဆက်သွယ်မေးမြန်းကြည့်ရာတွင် ၎င်းတို့အနေနဲ့ အဆိုပါသတင်းကို မသိရသေးကြောင်းပြောဆိုသည်။