- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းသို့ ရောက်ရှိလာနိုင်
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် လာမည့် ၂၄ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးသို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
22 Mar 2022
DMG ၊ မတ် ၂၂
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် လာမည့် ၂၄ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးသို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းငယ်သည် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းအနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျှက်ရှိပြီး အညိုရောင်အဆင့်ဟု သတ်မှတ်ထားကာ ဧရာဝတီ ပုသိမ်မြို့အနီးမှ မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနိုင်ပြီး မကြာမီတွင် ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းသို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
ယင်းမုန်တိုင်းငယ်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းကျရောက်နိုင်ပြီး ရေပြင်၊မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အားကောင်းသည့်မုန်တိုင်းငယ်(Deep Depression) ဝင်ရောက်ချိန်နီးကပ်လာသောကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ ပင်လယ်ကမ်းခြေနှင့်နီးကပ်စွာ နေထိုင်နေသည့်ပြည်သူများမှာ လုံခြုံမည့်နေရာများသို့ ပြောင်းရွှေ့နေကြပြီဖြစ်သည်။