- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နှစ်စဉ်ကမ်းပါးပြိုကျမှုဖြစ်နေသည့် ဇင်ချောင်းကမ်းခြေကို ထိန်းသိမ်းရန် ဒေသခံများလိုလားနေ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ဇင်ချောင်းကမ်းခြေတွင် နှစ်စဉ်ကမ်းပါးပြိုကျနေမှုကြောင့် လာမည့်မိုးရာသီမရောက်မီ ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ပေးရန် ဒေသခံများကလိုလားနေကြသည်။
02 Feb 2022
DMG ၊ ဖေဖေါ်ဝါရီ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ဇင်ချောင်းကမ်းခြေတွင် နှစ်စဉ်ကမ်းပါးပြိုကျနေမှုကြောင့် လာမည့်မိုးရာသီမရောက်မီ ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ပေးရန် ဒေသခံများကလိုလားနေကြသည်။
အဆိုပါကမ်းခြေတွင် အရှည် ၂ မိုင်ကျော်ခန့် ကမ်းပါးပြိုကျမှုဖြစ်ပွားနေပြီး အချိန်မီမထိန်းသိမ်းပါက ကျေးရွာများသို့သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင်များနှင့် လမ်းတံတားဦးစီးဌာနမှ ဆောက်လုပ်ထားသောရိပ်သာများပါ ပျက်စီးသွားနိုင်သည်ဟု ဒေသခံများမှပြောဆိုကြသည်။
ကျောက်ဖြူမြို့ဒေသခံတစ်ဦးဖြစ်သည့် ဦးဖိုးစံက "ကမ်းပါးမြေပြိုကျတာက ကမ်းခြေတစ်လျှောက်လုံး မြေပြိုကျမှုဖြစ်နေတယ်။ အဲဒီမြေပြိုမှုကို အခုလာမဲ့မိုးရာသီးမရောက်ခင် ကမ်းထိန်းနံရံတွေမလုပ်နိုင်ဘူးဆိုရင် အဆောက်အဦးတွေ၊ လျှပ်စစ်မီးတိုင်တွေ၊ လမ်းတွေပျက်စီးနိုင်တယ်"ဟု ပြောသည်။
ဇင်ချောင်းကမ်းခြေအနီးရှိ ဇင်ချောင်းကျေးရွာမှ အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သူများမှာလည်း နှစ်စဉ်မြေပြိုမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း ပြောဆိုကြသည်။
ဇင်ချောင်းကျေးရွာမှ ဦးဖိုးမောင်က "မိုးရာသီးရောက်ရင် ကျနော်တို့ကျေးရွာက ရပ်ကွက်တစ်ခုဖြစ်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာ ခဏခဏမြေပြိုတာဖြစ်တယ်။ နေအိမ်တွေပါသွားတာလဲရှိတယ်။ အဲဒါကြောင့် အစိုးရအနေနဲ့ ဒီနှစ်မိုးရာသီမရောက်မီမှာ ကမ်းထိန်းလုပ်ဖို့လိုတယ်။ မဟုတ်ရင် ဒီနှစ်အောင်မင်္ဂလာရပ်ကွက် ပျက်သွားဖို့အထိရှိနေတယ်"ဟု ဆိုသည်။
လက်ရှိ ဇင်ချောင်းကမ်းခြေတွင် လုပ်ဆောင်ပေးထားသည့်ကမ်းထိန်းနံရံမှာ ၃ ဖာလုံခန့်သာရှိပြီး ကျန်နေရာများကို ဆက်လက်လုပ်ဆောင်ပေးရန် လိုအပ်နေခြင်းလည်းဖြစ်သည်။
ဇင်ချောင်းကမ်းခြေသည် ရန်ကုန်-စစ်တွေကားလမ်းမအနီးတွင် တည်ရှိပြီး နှစ်စဉ်ကမ်းပါးပြိုကျမှုမှာ ကားလမ်းမနှင့်နီးကပ်လာနေသောကြောင့် ကားလမ်းပျက်စီးသွားမည်ကိုလည်း စိုးရိမ်နေကြသည်။
ယင်းသို့ကမ်းပါးပြိုကျမှုကိုထိန်းသိမ်းကာကွယ်ရန် ယခင် NLD အစိုးရလက်ထက်က လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့ကြသည်။