- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူသဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံသစ်မှ နိုင်ငံတော်ဓာတ်အားသို့ တိုးမြှင့်ထုတ်လုပ်ရန် လုပ်ဆောင်နေ
ရခိုင်ပြည်နယ် ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသစ်မှ ၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ နိုင်ငံတော်သို့ လျှပ်စစ် ၁၅၀ မဂ္ဂါဝပ်အထိ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။
07 Mar 2022
DMG ၊ မတ် ၇
ရခိုင်ပြည်နယ် ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသစ်မှ ၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ နိုင်ငံတော်သို့ လျှပ်စစ် ၁၅၀ မဂ္ဂါဝပ်အထိ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။
ထို့အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အား ၆၀ မဂ္ဂါဝပ်အား နိုင်ငံတော်ဓာတ်အားစနစ်သို့ စမ်းသပ်ဖြန့်ဖြူးနိုင်ခဲ့ပြီးဖြစ်သဖြင့် လက်ရှိတွင် ဆက်လက်၍ ၁၅၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့ပြုလုပ်ရခြင်းမှာ လက်ရှိတွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဓာတ်အားလိုင်းများကို အမြန်ဆုံးပြင်ဆင်၍ ဘီဘူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဝန်အား ထိန်းညှိခြင်းများဆောင်ရွက်နေစဉ် တစ်နိုင်ငံလုံး ဓာတ်အားများ ကျဆင်းနေမှုကိုဖြည့်ဆည်းရန် ကျောက်ဖြူသဘာဝဓာတ်ငွေ့စက်ရုံသစ်မှ ဓာတ်အားများကို တိုးမြှင့်ရခြင်းဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
ယင်းအပြင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့များမှ သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အား (၁၄၅၅)မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျှက်ရှိပြီး တရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း ၁၃၀ သန်းကို အသုံးပြု၍ ဓာတ်အား ၆၆၈ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျှက်ရှိကြောင်းလည်း သိရသည်။
ယခုအခါ ရွှေကမ်းလွန်စီမံကိန်းမှ ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို့ပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်သောကြောင့် ထိုသို့ဆောင်ရွက်နေစဉ်အတွင်း ထုတ်လုပ်မှုကိုရပ်ဆိုင်းထားသော်လည်း ပိုက်လိုင်းအတွင်း ကျန်ရှိနေသော ရွှေသဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ စုစုပေါင်းဓာတ်အား ၃၃၄ မဂ္ဂါဝပ်ခန့်သာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သို့ဖြစ်ပါ၍ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှထွက်ရှိမည့် သဘာဝဓာတ်ငွေ့အားရယူသုံးစွဲနိုင်ရေး ပိုက်လိုင်းအသစ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ထပ်မံလျှော့နည်းသွားမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၃၄ မဂ္ဂါဝပ်ခန့်အပါအဝင် စုစုပေါင်းလျှော့နည်းသွားမည့် ၁၃၀၄ မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် ၂၄ နာရီဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထားသည်။