- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်-ပလက်ဝပြေးဆွဲနေသည့်ရေယာဉ်ကို တစ်ပတ်လျှင်နှစ်ကြိမ် ပြေးဆွဲရန်ပြင်ဆင်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့အား ပြေးဆွဲနေသည့်ရေယာဉ်ကို ရက်သတ္တပတ်လျှင် တစ်ကြိမ်ပြေးဆွဲနေရာမှ လက်ရှိမှာ နှစ်ကြိမ်ပြေးဆွဲရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီမှ သိရသည်။
26 Dec 2021
DMG ၊ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့အား ပြေးဆွဲနေသည့်ရေယာဉ်ကို ရက်သတ္တပတ်လျှင် တစ်ကြိမ်ပြေးဆွဲနေရာမှ လက်ရှိမှာ နှစ်ကြိမ်ပြေးဆွဲရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီမှ သိရသည်။
ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက “ခရီးသည်တွေ အများကြီးလိုက်ပါ ခဲ့တဲ့အတွက် တစ်ပတ်မှာ ၁ ရက်ထက် ပိုပြီးပြေးဆွဲပေးဖို့ အစိုးရအနေနဲ့ အကျိုးအမြတ်မကြည့်ပဲ ခရီးသည်များ အဆင်ပြေဖို့နဲ့ ကုန်စည်စီးဆင်းမှုအဆင်ပြေဖို့အတွက် စီစဉ်နေတာပါ”ဟု ပြောသည်။
အဆိုပါရေကြောင်းခရီးစဉ်ကို အစိုးရပိုင်ဇက်ရေယာဉ် ရေနယား(၁)ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က စတင်ပြေးဆွဲခဲ့ရာ ကျောက်တော်မှထွက်ခွာစဉ် ခရီးသည် ၃ဝကျော်လိုက်ပါခဲ့ပြီး ပလက်ဝမှအပြန်ခရီးတွင် ခရီးသည် ၄၀ ကျော် လိုက်ပါခဲ့ကြောင်းသိရသည်။
ရေယာဉ်စီးနင်းခမှာ ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၁၈၀၀ ကောက်ခံပြီး ကုန်တစ်တန်လျှင် ၁၁၂၀၀ ကျပ် ကောက်ခံကြောင်းလည်း သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှဒေသခံများမှာ ဆန်၊ ဆီ၊ ဆားအပါအဝင် ကုန်ပစ္စည်းများကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ အဓိကလာရောက်ဝယ်ယူနေရခြင်းဖြစ်သည်။
ယခုပြေးဆွဲနေသည့် ဇက်ရေယာဉ်ဖြင့်လိုက်ပါခဲ့သည့် ဦးအောင်အောင်က ဈေးနှုန်းသက်သာစွာဖြင့် သွားလာခွင့်ရသည့်အတွက် ခရီးသည်များအတွက် အဆင်ပြေကြောင်းပြောသည်။
“ဈေးနှုန်းသက်သက်သာသာနန့် သွားလာခွင့်ရတော့ အကုန်လုံးအဆင်ပြေကြတာပေါ့နော်။ ကုန်သည်တွေ အတွက်ဆိုရင်လည်း အရမ်းအဆင်ပြေပါတယ်”ဟု ၎င်းကပြောသည်။
အစိုးရပိုင်ဇာက်ရေယာဉ် ရေနယား(၁)နှင့် ရေနယား(၂)နှစ်စီးရှိရာ လက်ရှိကျောက်တော်-ပလက်ဝ ရေကြောင်းကို ရေနယား(၁)ဖြင့်ပြေးဆွဲနေခြင်းဖြစ်သည်။
ကျောက်တော်-ပလက်ဝသွားလာကြမည့် ခရီးသည်များကို ယခင်ကကဲ့သို့ စစ်ဆေးမေးမြန်းမှုများ တင်းတင်းကြပ်ကြပ်မလုပ်ဆောင်ရန် ဒေသခံများကတောင်းဆိုထားကြသည်။