၂၀၂၅ တွင် အရပ်သားပါဝင်သည့် အစိုးရဖြစ်အောင် ကြိုးပမ်းသွားမည်ဟု TNLA ပြော

TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် အပါအဝင် ဗိုလ်မှူးချုပ်တားဂူးဇာရ် တို့အဖွဲ့သည် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တွင် လူထုနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

By Admin 27 Aug 2024

ဓာတ်ပုံ - TNLA
ဓာတ်ပုံ - TNLA

DMG ၊ ဩဂုတ် ၂၇    

လာမည့် ၂၀၂၅ ခုနှစ်တွင် ကြားကာလတော်လှန်ရေးအစိုးရ၊ တအာင်းတပ် (TNLA) နှင့် အရပ်သားများ ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း TNLA က ဩဂုတ် ၂၇ ရက်တွင် ထုတ်ပြန်သည်။

TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် အပါအဝင် ဗိုလ်မှူးချုပ်တားဂူးဇာရ် တို့အဖွဲ့သည် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တွင် လူထုနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

လက်တလောကာလတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို TNLA က တာဝန်ယူဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ဆိုသည်။ 

ဗိုလ်ချုပ်တားဘုန်းကျော်နှင့်အဖွဲ့သည် သြဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့များတွင် အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ရန် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ခရီးစဉ်အတွင်း သိမ်းပိုက်ရရှိထားသည့် တပ်စခန်းနှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက်လေ့လာခဲ့ကြသည်။ 

ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးတို့ အမြန်ဆုံးရရှိအောင် ဆောင်ရွက်သွားမည့်အကြောင်းကိုလည်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုခဲ့သည်။

ဇွန် ၂၅ ရက်တွင် ပြန်လည်စတင်သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ကာလအတွင်း  နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသည့်မြို့နယ်များကို TNLA က သိမ်းပိုက်ထားသည်။