- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
AA နှင့်ဆက်စပ်သူ ၄၆ ဦးကို ပြန်လွှတ်မည်ဟုကြေညာထားသော်လည်း ၄ ဦးမှာ မလွတ်မြောက်သေး
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသူ ၄၆ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လွှတ်မည်ဟုကြေညာခဲ့သော်လည်း လူ ၄ ဦးမှာ မလွတ်မြောက်နိုင်သေးကြောင်း လွတ်မြောက်မှုအခြေနှင့်ပတ်သက်ပြီး စာရင်းပြုစုနေသည့် စာရေးဆရာဝေဟင်အောင်ကပြောသည်။
14 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၁၄
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသူ ၄၆ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လွှတ်မည်ဟုကြေညာခဲ့သော်လည်း လူ ၄ ဦးမှာ မလွတ်မြောက်နိုင်သေးကြောင်း လွတ်မြောက်မှုအခြေနှင့်ပတ်သက်ပြီး စာရင်းပြုစုနေသည့် စာရေးဆရာဝေဟင်အောင်ကပြောသည်။
မလွတ်မြောက်လာသည့် ၄ ဦးမှာ အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် ဒေါ်တင်အေးခိုင်၊ ဦးမောင်ပုနှင့် သံတွဲအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ကိုဖြိုးသန့်နိုင်၊ ကိုသန်းထိုက်စိုးတို့ဖြစ်သည်။
၎င်းတို့လေးဦးကို အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ်ကျခံနေရမှုများကို ရုပ်သိမ်းခဲ့သော်လည်း မူးယစ်ဆေးဝါးအမှုများဖြင့် စွဲဆိုခံထားရမှုများရှိနေသောကြောင့် လွတ်မြောက်လာခြင်းမရှိဟု နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ စာရေးဆရာဝေဟင်အောင်က ပြောသည်။
“ပြန်ဖမ်းတာမဟုတ်ဘူး။ သူတို့မှာ နောက်အမှုကျန်သေးလို့။ AA နဲ့ဆက်စပ်ပြီး အကြမ်းဖက်မှုနဲ့လည်းစွဲပြီး မူးယစ်အမှုနဲ့လည်းစွဲတယ်။ အခု အကြမ်းဖက်ပုဒ်မကလွှတ်ပေးပြီး မူးယစ်ဆေး အမှုကကျန်ခဲ့တာကြောင့်ဖြစ်တယ်”ဟု ၎င်းက DMG သို့ပြောသည်။
လွတ်မြောက်လာသူများမှာ စစ်တွေအကျဉ်းထောင်မှ လက္ကာကျေးရွာသား(၂၃)ဦးနှင့် သာစည်ရွာမှ (၃)ဦး၊ မြောက်ဦးအချုပ်ခန်းမှ (၁၀)ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ (၆)ဦးတို့ဖြစ်ကြသည်ဟု သိရသည်။
“ကျန်တဲ့လူတွေကိုလည်း လွှတ်ပေးသင့်တယ်။ ဖမ်းဆီးထားတာလည်းကြာနေကြပြီ။ ပထမလူတွေကိုလွှတ်ပေးသလိုမျိုး နောက်ကျန်တဲ့လူတွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့အတွက် ကျနော်တို့မျှော်လင့်တယ်”ဟု စာရေးဆရာဝေဟင်အောင်က ပြောသည်။
လက်ရှိတွင် AA နှင့်ဆက်စပ်သည့်သံသယဖြင့် အကျဉ်းထောင်အသီးသီးတွင်ဖမ်းဆီးတရားစွဲခံထားရသူ ၇၀ ဦးခန့် ကျန်ရှိနေသေးကြောင်း သိရသည်။