- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် လင်မယားအပါအဝင် အနုပညာရှင် ၇ ဦးကို စစ်ကောင်စီမှ ခံဝန်နှင့်ပြန်လွတ်
နိုင်ငံရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသည့် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်လင်မယားအပါအဝင် လူမင်း၊ ဒါရိုက်တာဝိုင်း၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်နှင့် အလှပရေးဘလော့ဂါ မဝင်းမင်းသန်းတို့ကို ယနေ့(မတ်လ ၂ ရက်)တွင် ခံဝန်များဖြင့်ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။
02 Mar 2022
DMG ၊ မတ် ၂
နိုင်ငံရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသည့် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်လင်မယားအပါအဝင် လူမင်း၊ ဒါရိုက်တာဝိုင်း၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်နှင့် အလှပရေးဘလော့ဂါ မဝင်းမင်းသန်းတို့ကို ယနေ့(မတ်လ ၂ ရက်)တွင် ခံဝန်များဖြင့်ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ခံဝန်ဖြင့်လွတ်ပေးခဲ့မှုအပေါ် အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးမှ DMG ကို အတည်ပြုပြောသည်။
"ရုပ်ရှင်သရုပ်ဆောင်တွေကို ဒီနေ့ပဲလွတ်ပေးမယ်လို့သိရတယ်။ ပြေတီဦးလင်မယားရယ်၊ ဒါရိုက်တာဝိုင်းရယ် နောက်မော်ဒယ်ပိုင်တံခွန်တို့ကိုပေါ့နော်။ ဘာအတွက်လွှတ်ပေးတယ်ဆိုတာကိုတော့ အသေအချာမသိရသေးပါဘူး"ဟု ၎င်းမှပြောသည်။
အနုပညာရှင်ငါးဦးအပါအဝင် အလှပရေးရာဘလော့ဂါတစ်ဦးနှင့် မလေးရှားနိုင်ငံသားတစ်ဦးတို့ကို ခံဝန်များဖြင့်ပြန်လွတ်ပေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မီဒီယာများကိုပြောဆိုထားသည်။
ထိုသို့ ပြန်လည်လွတ်မြောက်လာသူများမှာ စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသူများဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှအာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည့် နာမည်ကြီးအနုပညာရှင်တချို့ကို နိုင်ငံရေးဥပဒေပုဒ်မ-၅၀၅(က)ဖြင့် စစ်ကောင်စီမှတရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခဲ့ကာ အချို့ကိုထောင်ဒဏ်ချမှတ်ခဲ့သည်။
ပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားသည့် အဆိုတော်ပိုပိုကို လက်ရှိအချိန်ထိပြန်လည်လွှတ်ပေးခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ဆုံးသီတင်းပတ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသည့် ရုပ်ရှင်သရုပ်ဆောင်သုံးဦး၏နေအိမ်များကို စစ်ကောင်စီမှချိတ်ပိတ်ခဲ့သည်။