- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စခန်းဗုံးကြဲခံရမှုအပေါ် ပြန်လည်တုန့်ပြန်သွားမည်ဟု AA ပြော
မြန်မာ - ထိုင်းနယ်စပ်တွင် အခြေစိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုအား မနေ့က ဇူလိုင်လ ၄ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် AA တပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့ရသည့်ဖြစ်စဉ်ကို လက်တုန့်ပြန်သွားမည်ဟု AA က ပြောဆိုလိုက်သည်။
05 Jul 2022
DMG ၊ ဇူလိုင် ၅
မြန်မာ - ထိုင်းနယ်စပ်တွင် အခြေစိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုအား မနေ့က ဇူလိုင်လ ၄ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် AA တပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့ရသည့်ဖြစ်စဉ်ကို လက်တုန့်ပြန်သွားမည်ဟု AA က ပြောဆိုလိုက်သည်။
“အခုလို့ လာပြီးတော့ ဗုံးကြဲတိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က အခြေအနေ အရပ်ရပ်ကို သေသေချာချာ စုံစမ်းလေ့လာနေတယ်။ အခြေအနေအရ လိုအပ်ရင် လိုအပ်သလို ကျွန်တော်တို့ဖက်က တုန့်ပြန့် လုပ်ဆောင်သွားဖို့ရှိတယ် ” ဟု AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခ က DMG သို့ပြောသည်။
သို့သော်လည်း မည်သို့မည်ပုံနှင့် မည်သည့်အချိန်တွင် တုန့်ပြန်သွားမည်ကိုတော့ စစ်ရေးလိုအပ်ချက်အရ ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်းလည်း ဆိုသည်။
အဆိုပါ တိုက်ခိုက်ခံရသည့် AA တပ်စခန်းနေရာမှာ တိုက်ပွဲနှင့်ဝေးလံသည့် နေရာတွင်ရှိနေသည့်အတွက် ယင်းနေရာအထိ မြန်မာစစ်တပ်က လာရောက် ဗုံးကြဲခြင်းမှာ ရည်ရွယ်ချက်ရှိရှိ စစ်ပွဲဖြစ်စေရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ဦးခိုင်သုခကဆက်ပြောသည်။
“တိုက်ပွဲဧရိယာနဲ့ ဝေးတဲ့နေရာမှာ အခုလို့ ဗုံးကြဲတိုက်ခတ်တဲ့ဆိုတာ ကတော့ ရည်ရွှယ်ချက်ရှိရှိနဲ့ လာရောက် တိုက်ခတ်တယ်လို့ သုံးသပ်လို့ရတယ်။ ကျွန်တော်တို့ဘက်ကတော့ အခြေအနေတွေကို သေသေချာချာ စုံစမ်းလေ့လာပြီးတော့ သုံးသပ်နေပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရှားမှုအပေါ် မူတည်ပြီးတော့ တိုက်ပွဲကတော့ လိုအပ်လာရင် အချိန်မရွှေးဖြစ်လာနိုင်တဲ့ အနေအထားမှာရှိတယ်” ဟု ၎င်းကဆိုသည်။
ထို့အတူ တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ မြန်မာစစ်က AA အပေါ်ကို ရန်လိုသည့် အပြုအမူဖြစ်စေပြီး စစ်ရေးတင်းမာမှု ပိုမိုဖြစ်လာစေကြောင်းလည်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးအောင်သောင်းရွှေက ဝေဖန်ပြောဆိုသည်။
“AA ဘက်ကလည်း နိုင်ငံရေး အရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ တခုခု ပြန်ပြီးတော့ တုန့်ပြန့်မယ်လို့ ထင်တယ်။ အခုဖြစ်စဉ်ကလည်း သူတို့(စစ်ကောင်စီ) က လူတိုင်းကို အပြစ်ရှိတယ်လို့ မြင်လာတယ်။ ဆိုတော့ ဒါက ရန်ရှာနေတာလည်း ဖြစ်တယ် ” ဟု ဦးအောင်သောင်းရွှေက ဆိုသည်။
ထိုသို့ မြန်မာစစ်တပ်က AA တပ်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ယမန်နေ့က ဗုံးကြဲတိုက်ခတ်မှုကြောင့် AA စခန်းမှ ဆေးရုံနှင့် အပ်ခြုပ်စက်ရုံနှင် တခြားအဆောက်အဦးများ ပျက်စီးသွားကာ သေဆုံးသူ AA တပ်ဖွဲ့ဝင် ၆ ဦးနှင့် ထိခိုက်ဒဏ်ရာသူအများအပြားရှိကြောင်းလည်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ကချင်ပြည်နယ် လိုင်ဇာဗိုလ် လောင်းသင်တန်းကျောင်းကို မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် TNLA (တအာင်း ပလောင်)၊ AA(ရက္ခိုင့်တပ်တော်) ၊ CNF(ချင်းအမျိုးသားတပ်ဦး) ၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) တို့မှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့သည်။ ယင်းအထဲတွင် ရက္ခိုင့်တပ်တော် AA မှ ဗိုလ်လောင်း ၈ ဦးပါဝင်ခဲ့သည်။