- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်တွင် မြန်မာစစ်တပ်၏ ထောက်ပို့ရေယာဉ်တစ်စီးကို AA က လက်နက်ကြီးဖြင့်ပစ်ခတ်
တောင်ကုတ်မြို့ ချောင်းဝသို့ဝင်လာသည့် မြန်မာစစ်တပ်၏ ထောက်ပို့သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က ယနေ့(စက်တင်ဘာလ ၁၆ ရက်) နေ့လည် ၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
16 Sep 2022
DMG ၊ စက်တင်ဘာ ၁၆
တောင်ကုတ်မြို့ ချောင်းဝသို့ဝင်လာသည့် မြန်မာစစ်တပ်၏ ထောက်ပို့သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က ယနေ့(စက်တင်ဘာလ ၁၆ ရက်) နေ့လည် ၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါသင်္ဘောမှာ တောင်ကုတ်မြို့ ဆိပ်ကမ်းသစ်ဖက်သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး အနီးအနားရှိ တောင်တန်းတစ်ခုမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ သင်္ဘောဘက်မှလည်း ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။
"အဲဒီနားမှာ တောင်နှစ်လုံးရှိပါတယ်။ တစ်ဖက်တောင်ကနေပြီးတော့ လက်နက်ကြီးနဲ့ပစ်တယ်။ တစ်ဖက်တောင်ကလည်း လက်နက်ငယ်နဲ့ပစ်တယ်။ သင်္ဘောပေါ်ကလည်း ပြန်ပြီးတော့ပစ်ခတ်ကြတယ်။ ကျနော်တို့ အလုပ်လုပ်တဲ့နေရာနဲ့ ပစ်ခတ်ခံရတဲ့နေရာ ၃ ဖာလုံလောက်ပဲကွာပါတယ်။ သင်္ဘောကတော့ နစ်မြုပ် သွားတယ်"ဟု ၎င်းကဆိုသည်။
ပစ်ခတ်ခံရသည့်သင်္ဘောမှာ ပြည်တွင်းရေကြောင်းပိုင် အောင်ကျော်မိုးအမည်ရှိသင်္ဘောဖြစ်ပြီး တောင်ကုတ်မြို့ရှိ မြန်မာစစ်တပ်ကို ရိက္ခာလာပို့ခြင်းဟု တောင်ကုတ်မြို့၊ ခမရ ၃၄၆ တပ်ရင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
"အဲဒီသင်္ဘောက တပ်ကိုရိက္ခာလာပို့တဲ့ အောင်ကျော်မိုးအမည်ရှိတဲ့ သင်္ဘောလို့သိရတယ်။ နစ်မြုပ်သွားတယ်လို့သိရတယ်။ အခု အဲဒီဖက်ကို တပ်ဖက်ကလည်း ကယ်ဆယ်ရေးသွားနေကြတယ်"ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အဆိုပါဆိပ်ကမ်းပတ်ဝန်းကျင်တွင် မြန်မာစစ်တပ်မှ အင်အားအများအပြားဖြင့် နေရာယူထားကြပြီး မြို့တွင်းတွင်လည်း စစ်ကားများ သွားလာလှုပ်ရှားနေကြကြောင်း အမည်မဖော်လိုသည့် နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။
"အခု ဒီဖက်ကမြို့ထဲမှာ တပ်ကားတွေလည်း တော်တော်များများ သွားနေတယ်။ အဲဒီမှာလည်း တပ်အင်အားအလုံးအရင်းနဲ့ နေရာ ယူထားတာရှိနေတယ်လို့သိရတယ်။ အခု တစ်မြို့လုံးတော့ ငြိမ်သက်နေတယ်"ဟု သူကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
စစ်ကောင်စီသည် ရခိုင်ပြည်အနှံ့ ၎င်းတို့တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ်အပါအဝင် အရပ်ဖက်သုံး ခရီးသည်တင်လေယာဉ်၊ကား၊ မော်တော်ဘုတ်၊ အမြန်ရေယာဉ်များဖြင့် ကုန်းလမ်း၊ရေလမ်း၊လေကြောင်းလမ်းများကိုအသုံးပြုပြီး အင်အားဖြည့်တင်းနေကြောင်း ရက္ခိုင့်တပ်တော်က စက်တင်ဘာလ ၁၄ ရက်က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ကုန်းလမ်း၊ရေလမ်းသွားလာနေသော ယာဉ်များအားလုံးကို စစ်ရေးအခြေအနေလိုအပ်ချက်အရ ရပ်တန့်ခိုင်း၍ စစ်ဆေးမှု ပြုလုပ်သွားမည်ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားထားသည်။
ခရီးသွားလာရာတွင် ယာဉ်ပိုင်ရှင်အနေဖြင့် ရခိုင်ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများတွင် သ တင်းပို့၍သွားလာကြရန်နှင့် စစ်ဆေးမှုများကို ကြည်ဖြူစွာခံယူကြရန် အသိပေးအပ်ကြောင်း၊ ယင်းသို့ သတင်းမပို့ဘဲသွားလာ၍ တစုံတရာပြဿနာဖြစ်ပေါ်ပါက သွားလာကြသူများ၏ တာဝန်သာဖြစ်ကြောင်းလည်း သတိပေးထားသည်။