- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မွတ်ဆလင်လူငယ်များအတွက် အင်္ဂလိပ်စကားပြောသင်တန်းတစ်ခု ရခိုင်-ဗုဒ္ဓဘာသာဘုန်းကြီးမှ ဦးဆောင်ဖွင့်ပေး
မွတ်ဆလင်လူငယ်မျိုးဆက်သစ်များ အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာဖွံ့ဖြိုးလာစေရန်ရည်ရွယ်ပြီး အင်္ဂလိပ်စကားပြောသင်တန်းကို မြတန်ဆောင်းဆရာတော်ဦးဆောင်သည့် မြတန်ဆောင်းဖောင်ဒေးရှင်းမှ ဦးဆောင်၍ ယနေ့(မတ်လ ၃၁ ရက်)က မြောက်ဦးမြို့နယ်၊ကုန်ဘောင်(မွတ်ဆလင်)ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။
31 Mar 2022
DMG ၊ မတ် ၃၁

ယနေ့သင်တန်းဖွင့်ပွဲတွင် လူမျိုးရေး၊ ဘာသာရေးမခွဲခြားဘဲ မွတ်ဆလင်လူမျိုးများကို တစ်ဖက်တစ်လှမ်းမှ သင်တန်းတက်ရောက်နိုင်ရန်ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက အဖွင့်အမှာစကားတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကုန်ဘောင်၊ ယိုင်သည်၊ အမြောက်တောင်၊ ရှမ်းတောင်၊ ဘူးတစ်လုံး၊ ကိုင်းတော စသည့်ကျေးရွာများမှ လူငယ်များတက်ရောက်နေပြီး သင်တန်းကာလမှာ နှစ်လတာကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။