- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အနုပညာရှင်အချို့ပါဝင်သည့် မီးရထား ဗုံးခွဲခံရသည့်အပေါ် ဂီတအစည်းအရုံးနှင့် ဟာသပညာရှင်များမှကန့်ကွက်
ပြည်တွင်းအနုပညာရှင်တချို့ပါဝင်သည့် ဖျော်ဖြေရေးအဖွဲ့စီးနင်းလာသည့် မီးရထား ဗုံးဖောက်ခွဲခံရမှုအပေါ် စစ်ကောင်စီ၏သတင်းမီဒီယာ(ကောင်စီ)၊ ဂီတအစည်းအရုံး(ဗဟို)နှင့် ဟာသာပညာရှင်များအစည်းအရုံးတို့မှ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်သည်။
30 Mar 2022
DMG ၊ မတ် ၃၀
ပြည်တွင်းအနုပညာရှင်တချို့ပါဝင်သည့် ဖျော်ဖြေရေးအဖွဲ့စီးနင်းလာသည့် မီးရထား ဗုံးဖောက်ခွဲခံရမှုအပေါ် စစ်ကောင်စီ၏သတင်းမီဒီယာ(ကောင်စီ)၊ ဂီတအစည်းအရုံး(ဗဟို)နှင့် ဟာသာပညာရှင်များအစည်းအရုံးတို့မှ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်သည်။
ယမန်နေ့(မတ်လ ၂၉ ရက်) နံနက် ၈ နာရီအချိန်က ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်တံတားသို့ ပြည်တွင်းအနုပညာရှင်အချို့ ဖျော်ဖြေရေးအဖွဲ့စီးနင်းလာသည့် စက်ခေါင်းအမှတ် DF-2078၊ ရထားအမှတ် DDUEZ 12370 မီးရထားမှာ ဂန့်ဂေါမြို့နှင့်ဆင်လမ်းစုကျေးရွာကြား ဘန့်ဘွေ့ကုန်းရွာအနောက်မြောက်ဘက်သို့အရောက်တွင် မိုင်းခွဲခံရပြီး အထက်တန်းနှစ်တွဲမြောက်၏ကြမ်းခင်း ပွင့်ထွက်ပျက်စီးခဲ့သည်။
မီးရထားမိုင်းခွဲခံရမှုမှာ အကြမ်းဖက်လုပ်ဆောင်မှုဖြစ်နေပြီး ယခုလိုလုပ်ရက်အပေါ်ကန့်ကွက်ကြောင်း အမည်မဖော်လိုသည့် ဟာသအနုပညာရှင်တစ်ဦးမှ DMG ကိုပြောသည်။
"အခုလိုမီးရထားဖောက်ခွဲခံရတာကတော့ မလုပ်သင့်ဘူးလို့ယူဆပါတယ်။ အခြားလုပ်ဆောင်မှုတွေကိုမပြောလိုပေမဲ့ အခုလိုကြီးလုပ်ဆောင်လိုက်တဲ့အတွက် အနုပညာရှင်တွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်သလိုဖြစ်နေတယ်။ အဲဒီအတွက် အခုလိုလုပ်ရပ်ကိုအပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်"ဟု ၎င်းမှပြောသည်။
ထိုသို့မီးထားမိုင်းခွဲခံရမှုကြောင့် အနုပညာရှင်များ ထိခိုက်မှုမရှိခဲ့သော်လည်း ဖောက်ခွဲခံရမှုအပေါ် စစ်ကောင်စီ၏ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာ့ဂီအစည်းအရုံး(ဗဟို)နှင့် မြန်မာ့ဟာသာပညာရှင်များအစည်းအရုံးတို့မှ ကန့်ကွက်ရှုတ်ချထားသည်။
မီးရထားဖောက်ခွဲခံရမှုအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်စာအတွင်း၌ အနုပညာရှင်များ၏အမည်ကို ဖော်ပြထားခြင်းမရှိသော်လည်း အနုပညာရှင်တစ်ဦးဖြစ်သူရွှေရူပါဦးအပါအဝင် ၂၀ ဦး ရထားလိုက်ပါစီးနင်းခဲ့ကြောင်း အနုပညာရှင်အသိုင်းအဝန်းများထံမှသိရသည်။
ထို့အပြင် အမည်မဖော်လိုသည့် မီးရထားဝန်ထမ်းတစ်ဦးမှ "မီးရထားလမ်းတွေကို မိုင်းထောင်ဖောက်ခွဲခံရတာတွေ အခုမှမဟုတ်ဘူး။ အရင်လပေါင်းများစွာကတည်းကဖြစ်နေတာ။ အခုလိုလုပ်ဆောင်တာတွေက ပြည်သူတွေသွားလာရေးအတွက် အနှောက်အယှက်ဖြစ်စေတယ်။ အန္တရာယ်ရှိစေတယ်။ အဲဒီအတွက် အခုလိုလုပ်ဆောင်မှုတွေကိုတော့ ကန့်ကွယ်တယ်လို့ပဲပြောချင်တယ်"ဟု ဆိုသည်။
မီးရထားမိုင်းဖောက်ခွဲမှုအပေါ် လက်ရှိအချိန်အထိ မည်သည့်အဖွဲ့မှ လုပ်ဆောင်ထားကြောင်း သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
ယခင်ကလည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌ မီးရထားလမ်းအချို့ မိုင်းခွဲခံရမှုများရှိခဲ့ပြီး ရထားအသွားအလာများကို ရပ်တန့်ထားရသည်များရှိခဲ့သည်။