- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီမှ လွှတ်ပေးသူများကို မိမိတို့ တပ်ဖွဲ့ဝင်ဟုတ်၊မဟုတ် AA က စိစစ်နေ
ယမန်နေ့(နိုဝင်ဘာလ ၁၈ ရက်)တွင် စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင် ၁၈ ဦးကို လွှတ်ပေးကြောင်း ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ၎င်းတို့မှာ AA တပ်ဖွဲ့ဝင်များ ဟုတ်၊မဟုတ်ကို စီစစ်နေသေးကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ပြောသည်။
19 Nov 2022
ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။
DMG ၊ နိုဝင်ဘာ ၁၉
ယမန်နေ့(နိုဝင်ဘာလ ၁၈ ရက်)တွင် စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင် ၁၈ ဦးကို လွှတ်ပေးကြောင်း ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ၎င်းတို့မှာ AA တပ်ဖွဲ့ဝင်များ ဟုတ်၊မဟုတ်ကို စီစစ်နေသေးကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ပြောသည်။
“အခုချိန်ထိတော့ လွတ်လာတယ်လို့ ပြောတဲ့သူ တွေထဲက တစ်စုံတစ်ယောက်မှ ULA ဌာနချုပ်ကို ဆက်သွယ် လာတာ မျိုးတော့ မရှိသေးဘူး။ နောက်တစ်ခုကတော့ အခုလက်ရှိအခြေအနေမှာ ရခိုင်ပြည်မှာလည်းပဲ ဆိုးဆိုး ဝါးဝါးအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ အစစအရာရာ သတိထားပြီးတော့ စောင့်ကြည့်သွားမှာဖြစ်တယ်”ဟု ဦးခိုင်သူခက ဆိုသည်။
ထို့အတူ လွှတ်ပေးလိုက်သည်ဟုဆိုသူများမှာ လက်ရှိအချိန်ထိ ULA/AA ဌာနချုပ်သို့ ဆက်သွယ် အကြောင်းကြားလာခြင်း မရှိသေးကြောင်းလည်း ဦးခိုင်သုခက ရှင်းပြသည်။
စစ်ကောင်စီသည် အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအနေဖြင့် အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းဆိုသည်။
ထိုသို့ လွှတ်ပေးလိုက်သူများမှာ AA တပ်ဖွဲ့မှ ၁၈ ဦး၊ KIA တပ်ဖွဲ့မှ ၂၀ ဦး၊ RCSS/SSA တပ်ဖွဲ့မှ ၅ ဦးနှင့် KNU/KNLA တပ်ဖွဲ့မှ ၂ ဦး စုစုပေါင်း (၄၅)ဦးတို့ကို လွှတ်ပေးခြင်းဖြစ်သည်။
သို့သော်လည်း ၎င်းတို့မှာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံ ရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
လက်ရှိ စစ်ကောင်စီက လွှတ်ပေးလိုက်သူများမှာ AA တပ်ဖွဲ့ဝင်များဆိုသည်ထက် AA နှင့် ဆက်စပ်မှု ရှိသည်ဟုဆိုကာ ဖမ်းဆီးရသူများဖြစ်နိုင်ပြီး နိုင်ငံရေး ကျပ်တည်းကာလတွင် စစ်ကောင်စီက ရုပ်ပြအနေဖြင့် ပြုလုပ်ခြင်းမျိုးဖြစ်နိုင်ကြောင်း ရခိုင့်နိုင်ငံရေးသမားများက သုံးသပ်ကြသည်။
ရခိုင့်ဝါရင်းနိုင်ငံရေးသမား ဦးဖေသန်းက “အခုလွတ်လာတဲ့သူတွေက AA တပ်ဖွဲ့ဝင်တွေလို့ တိုက်ရိုက် ပြောလို့မရဘူး။ AA နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ အဖမ်းခံရတဲ့သူတွေဖြစ်ဖို့ ပိုများတယ်။ ဒါကို သူတို့က(စစ်ကောင်စီ) နိုင်ငံရေးအကျပ်အတည်းဖြစ်နေတဲ့ ကာလမျိုးမှာ အများအမြင်ကောင်းအောင် ရုပ်ပြအနေနဲ့ လွှတ်ပေးတာဖြစ်တယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
ထို့အတူ ရခိုင်ဒေသခံ အရပ်သားများကို ယခင်ကလည်း AA တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ တရားစွဲထောင်ချမှုများလည်းရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကာ မြန်မာစစ်တပ်က AA နှင့်ဆက်စပ်သည့် သံသယဖြင့် အရပ်သားအများအပြားကို ဖမ်းဆီးမှုများရှိနေပြီး AA ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများ ရှိနေသည်။