- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အခြေခံပညာကျောင်းများပြန်ဖွင့်ပါက ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်ဖွင့်နိုင်ခြေများကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးပြော
ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ခြေများကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက DMG သို့ပြောသည်။
31 Aug 2021
DMG ၊ သြဂုတ် ၃၁
ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ခြေများကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက DMG သို့ပြောသည်။
“ကျောင်းတွေစဖွင့်ခဲ့တုန်းကလည်း ကိုဗစ်စည်းကမ်းတွေနဲ့ဘဲ အညီဖွင့်ခဲ့တယ်။ နောက်ပိုင်းရောဂါကူးစက်မှုနှုန်းတွေများလာလို့ ကျောင်းတွေပိတ်ခဲ့ရတယ်။ ဒီတော့ပြန်ဖွင့်ခဲ့ရင် အခန်းတစ်ခန်းမှာပြွတ်သိပ်ပြီးတော့ ထားမှာမဟုတ်ဘူး။ အရင်လိုပဲ ခြောက်ပေခြားနဲ့ ပြန်ဖွင့်သွားဖို့ဖြစ်နိုင်ခြေများတယ်”ဟု ဦးတင်သိန်းကဆိုသည်။
ကိုဗစ်ကူးစက်ပြန့်ပွားမှုများကြောင့် အခြေခံပညာကျောင်းများကို ၂၀၂၁ ခုနှစ် ဇူလိုင် ၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဆက်လက်ပိတ်ထားအုံးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သြဂုတ်လ ၃၀ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိမှာ အခြေခံပညာကျောင်းများကိုပိတ်ထားသော်လည်း ကျောင်းများပြန်လည်ဖွင့်လှစ်ပါက လိုအပ်သည့် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်ထားရန် ပြည်နယ်ကောင်စီမှ သြဂုတ်လ ၂၀ ရက်နေ့အစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကျောင်းများပြန်ဖွင့်ပါက ကျောင်းသားများကျန်းမာရေးအတွက်စိုးရိမ်မှုရှိသော်လည်း ပညာရေးလိုအပ်ချက်အတွက် ကျောင်းတက်ခိုင်းမည်ဟု စစ်တွေမြို့မှ အမည်မဖော်ပြလိုသည့် ကျောင်းသားမိဘတစ်ဦးကပြောသည်။
“ကျွန်တော်တို့ကလေးတွေကို ကိုဗစ်ကာလထဲမှာကျောင်းတက်ခိုင်းရမယ့်အပေါ်တော့ အများကြီးစိတ်ပူမိတယ်။ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ် နောက်ကျလာမယ့်ပညာရေးနဲ့ ဖြစ်လာမယ့် အရွယ်တွေကိုကြည့်ပြီးတော့ ကျွန်တော့ရင်သွေးရဲ့ပညာရေး နောက်မကျဖို့အတွက်ကျောင်းထားရမှာပါပဲ“ဟု ၎င်းကပြောသည်။
သြဂုတ်လ ၃၀ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၄၁၀၈ ဦးအထိရှိပြီး သေဆုံးသူ ၃၉၃ ဦးရှိကာ လက်ရှိဆေးရုံတက်ရောက်ကုသမှုခံယူနေရသူ ၃၀၆ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းရေးဦးစီးဌာန၏စာရင်းအရ သိရသည်။