- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
DMG (၁၁)နှစ်ပြည့်တွင် ဆုချီးမြှင့်လိုက်သည့် DMG IDOL ဆုရှင် နှစ်ဦး
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့က ကျရောက်ခဲ့သည့် DMG (၁၀)နှစ်ပြည့် မွေးနေ့မှစတင်ကာ ရခိုင်ပြည်အတွင်း နယ်ပယ်အသီးသီး၌ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်လုပ်ကိုင်နေကြသူများကို စောင့်ကြည့်လေ့လာပြီး ၎င်းတို့အား ဂုဏ်ပြုသည့်အနေဖြင့် DMG IDOL ဆုကို ပေးအပ်ဆုချီးမြှင့်ခဲ့သည်။
09 Jan 2023
Development Media Group (DMG)သတင်းဌာနကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်၌ စတင်တည်ထောင်ခဲ့ရာ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့က (၁၁)နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
DMG သတင်းဌာန ဖြတ်သန်းမှုတစ်လျှောက်တွင် ထူးထူးခြားခြားအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့က ကျရောက်ခဲ့သည့် DMG (၁၀)နှစ်ပြည့် မွေးနေ့မှစတင်ကာ ရခိုင်ပြည်အတွင်း နယ်ပယ်အသီးသီး၌ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်လုပ်ကိုင်နေကြသူများကို စောင့်ကြည့်လေ့လာပြီး ၎င်းတို့အား ဂုဏ်ပြုသည့်အနေဖြင့် DMG IDOL ဆုကို ပေးအပ်ဆုချီးမြှင့်ခဲ့သည်။
DMG (၁၀)နှစ်ပြည့်မွေးနေ့တွင် DMG IDOL ဆုကို “သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ မပျက်စီးစေရန်နှင့် ရေလုပ်သားများ၏ စီးပွားရေးလုပ်ကွက်များ မပျောက်စေရန်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ လုပ်ဆောင်နေသည့်” ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ကိုမျိုးလွင်အား ဆုပေးအပ်ချီးမြှင့်ခဲ့ပေသည်။
ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် ကျရောက်ခဲ့သည့် DMG (၁၁)နှစ်ပြည့် မွေးနေ့တွင်လည်း DMG IDOL ဆုရှင်နှစ်ဦးကို ထပ်မံရွေးချယ်ထားပါသည်။
နံပတ် (၁) DMG IDOL ဆုရှင်မှာ “သွားလာရခက်ခဲသည့် ကုလားသိမ်ကျေးရွာမှ စိုးမဲကျီကျေးရွာသို့သွားသည့် ရွာချင်းဆက်လမ်းကို နှစ်ပေါင်း(၁၀)ကျော်ကြာအောင် ကိုယ်ကျိုးစွန့်အနစ်နာခံကာ တစ်ကိုယ်တော် ဖောက်လုပ်ခဲ့သည့်” ရခိုင်ပြည်၊ ပေါက်တောမြို့နယ် အစွန်အဖျားပိုင်းရှိ ကုလားသိမ်ကျေးရွာမှ အသက်(၇၇)နှစ်အရွယ် ဦးမောင်သာနီဖြစ်သည်။
နံပါတ် (၂) DMG IDOL ဆုရှင်မှာ “ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း မွေးဖွားခါနီး ကိုယ်ဝန်ကိုလွယ်ကာ လက်ဝဲ/ယာတစ်ဖက်စီတွင် သားသမီးနှစ်ဦးကိုတွဲခေါ်ပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရသည့် မိခင်၊ ထိုသို့စစ်ဘေးတိမ်းရှောင်ရင်း အခက်အခဲများကြားထဲမှ ရင်သွေးငယ်ကို တစ်ကိုယ်တည်း မွေးဖွားသန့်စင်ခဲ့ရသည့် သူရဲကောင်းမိခင်”ဖြစ်သူ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းကျေးရွာမှ အသက်(၂၉)နှစ်အရွယ် မသန်းသန်းနု ဖြစ်သည်။