- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရသေ့တောင်တွင် လက်နက်ကြီးကျရောက်မှုကြောင့် မဲစာရင်းအချို့ ပျက်စီး
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာအုပ်စု၊ အောင်စည်ကုန်းကျေးရွာတွင် ယမန်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မဲစာရင်းစာရွက်အချို့ ပျက်စီးသွားကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးကျော်သိန်းက ပြောသည်။
07 Oct 2020
မင်းထွန်း | DMG
အောက်တိုဘာ ၇ ၊ ရသေ့တောင်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာအုပ်စု၊ အောင်စည်ကုန်းကျေးရွာတွင် ယမန်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မဲစာရင်းစာရွက်အချို့ ပျက်စီးသွားကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးကျော်သိန်းက ပြောသည်။
မေယုမြစ်အတွင်း သွားလာနေသည့် တပ်မတော်ရေယာဉ်မှ အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းအချိန်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် အောင်စည်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကပ်ထားသည့် မဲစာရင်းစာရွက်များ ပျက်စီးသွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ဘုန်းကြီးကျောင်းနဲ့ သင်္ခမ်းမှာ လက်နက်ကြီးကျည် နှစ်လုံးကျတယ်။ အဲဒီက လက်နက်ကျည်စတွေကြောင့် သင်ပုန်းသုံးချပ်နဲ့ကပ်ထားတဲ့ မဲစာရင်းစာရွက် ၁၀ လောက်ပျက်စီးသွားတယ်။ တစ်ချပ်က အကုန်လုံးပျက်စီး သွားတယ်၊ နောက်နှစ်ချပ်က စိတ်သွားတာတွေ၊ ဖောက်ထွက်သွားတာတွေရှိတယ်” ဟု သူကပြောသည်။
ယခုပျက်စီးသွားသည့် မဲစာရင်းများမှာ လူသွားလူလာများသည့် စစ်ဘေးရှောင်စခန်းဘေး ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံထဲတွင် ကပ်ထားခြင်းဖြစ်သလို အောင်စည်ကုန်းနှင့် စဖိုကျွန်းကျေးရွာတို့မှ ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ (၈၃၈)ဦးတို့အတွက် မဲစာရင်းတွင် အမည်ပါ/မပါကြည့်ရန် ကပ်ထားခြင်းဖြစ်သည်ဟု ဦးဦးကျော်သိန်းက ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ဆက်သွယ်ရာတွင် ဖြစ်စဉ်ကို မသိရသေးကြောင်း ပြောသည်။
ပြင်ရှည်ကျေးရွာအုပ်စုတွင် မဲရုံနှစ်ရုံရှိပြီး ယင်းအထဲတွင် အောင်စည်ကုန်းနှင့် စဖိုကျွန်းကျေးရွာတွင် မဲရုံတစ်ခု၊ ကန်ပြင်နှင့်ပြင်ဝန်းကျေးရွာတွင် မဲရုံတစ်ခုရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးခိုင်ကောင်းစံက “အခုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ မဲဆန္ဒရှင်စာရင်းတွေကို လက်နက်ကြီး ကျသွားတယ်ဆိုတော့ အဲဒီစာရင်းမှာ ဘယ်သူပါ/မပါကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြန်ပြီးကပ်ပေးဖို့ လိုတယ်။ တစ်ဖက်မှာတော့ ရွေးကောက်ပွဲကာလမှာ လုံခြုံမှုက ရှိပါ့မလားဆိုပြီး စိုးရိမ်စရာတစ်ခုတော့ ဖြစ်တယ်” ဟု ထောက်ပြပြောဆိုသည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှုကြောင့် အဆိုပါ ပြင်ရှည်ကျေးရွာအုပ်စုတွင် နေအိမ် ၁၇ လုံး၊ ဘုန်းတော်ကြီးကျောင်း ၂ ဆောင်၊ ကျောင်းသင်္ခမ်း ၁ ဆောင်၊ ပျက်စီးသွားပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယင်းသို့ ပြောဆိုချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့ကို DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။