- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မဲနှစ်ကြိမ်ပေးမှုဖြင့် အမ်းမြို့မှဒေသခံတစ်ဦး ပြစ်ဒဏ်ချမှတ်ခံရ
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးခဲ့သည်ဟုဆိုကာ အမ်းမြို့မှ အမျိုးသမီးတစ်ဦးကို ယမန်နေ့(ဖေဖော်ဝါရီလ ၉ ရက်)တွင် အမ်းမြို့နယ်တရားရုံးမှ ငွေဒဏ် တစ်သိန်းကျပ် ချမှတ်လိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။
10 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၁၀
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးခဲ့သည်ဟုဆိုကာ အမ်းမြို့မှ အမျိုးသမီးတစ်ဦးကို ယမန်နေ့(ဖေဖော်ဝါရီလ ၉ ရက်)တွင် အမ်းမြို့နယ်တရားရုံးမှ ငွေဒဏ် တစ်သိန်းကျပ် ချမှတ်လိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။
ပြစ်ဒဏ်ချမှတ်ခံရသူမှာ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၀ အရွယ် ဒေါ်မစိန်ဖြစ်သည်။ ၎င်းကို အမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးမှူး ဦးသူရိန်ထွန်းက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၇၁(စ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်၎င်းအမျိုးသမီးမှာ အမ်းမြို့တွင် ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးဖြစ်ပြီး ကုန်စုံဆိုင်နှင့်နေအိမ်သို့ မဲထည့်ရန်စာရွက်နှစ်စောင်ရောက်ရှိလာ၍ မဲနှစ်ကြိမ်ပေးခဲ့ခြင်းဟု ဝန်ခံထွက်ဆိုသဖြင့် ထိုသို့ပြစ်ဒဏ်ချမှတ် ခံရခြင်းဖြစ်သည်။
“ပထမတော့ တရားလိုနဲ့ လိုပြသက်သေကိုစစ်တယ်။ သူတို့ကိုစစ်ပြီးတော့ တရားခံက မဲနှစ်ကြိမ်ပေးတယ်ဆိုပြီး ဝန်ခံလိုက်တယ်။ အဲဒါကြောင့် ဒဏ်ငွေတစ်သိန်းချတာ”ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဆန်းလှိုင်က ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ-၁၃၀(က)ဖြင့် တရားစွဲဆိုထားသည်။ ဦးမင်းအောင်ကိုမူ ယင်းပုဒ်မအပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၀၉ ဖြင့်လည်း ထပ်တိုးစွဲဆိုထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့ သည်။ သို့သော်လည်း အစိုးရဖွဲ့ခွင့်မပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရကိုဖြုတ်ချကာ မဲစာရင်းမှားသည်ဟုအကြောင်းပြချက်ဖြင့် စစ်တပ်က အာဏာသိမ်းခဲ့သည်။