- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူမြို့မှ ထွက်ရှိသည့်အမှိုက်များ စွန့်ပစ်သည့်နေရာကို ပြောင်းရွှေ့ပေးရန် ဒေသခံများတောင်းဆို
ကျောက်ဖြူမြို့မှ ထွက်ရှိသည့်အမှိုက်များကို လက်ရှိစွန့်ပစ်နေသည့် တောင်ရင်းရပ်ကွက်အနီးတွင်မဟုတ်ဘဲ တစ်ခြားတစ်နေရာသို့ ပြောင်းရွှေ့ပေးရန် အနီးအနားတွင် နေထိုင်သည့်ဒေသခံများက တောင်းဆိုကြသည်။
24 Mar 2021
DMG ၊ မတ် ၂၄
ကျောက်ဖြူမြို့မှ ထွက်ရှိသည့်အမှိုက်များကို လက်ရှိစွန့်ပစ်နေသည့် တောင်ရင်းရပ်ကွက်အနီးတွင်မဟုတ်ဘဲ တစ်ခြားတစ်နေရာသို့ ပြောင်းရွှေ့ပေးရန် အနီးအနားတွင် နေထိုင်သည့်ဒေသခံများက တောင်းဆိုကြသည်။
တစ်မြို့လုံးမှ ထွက်ရှိသည့်အမှိုက်များကို ယင်းရပ်ကွက်အနီးတွင် စွန့်ပစ်ခြင်းကြောင့် တောင်းရင်းရပ်ကွက်အပါအဝင် ကုလားဘာတောင်ရပ်ကွက်၊ မြကန်သာရပ်ကွက်၊ ငလပွေ့ရပ်ကွက်မှ ဒေသခံတချို့မှာလည်း အမှိုက်ပုံများမှ ထွက်ရှိလာသော အနံ့ဆိုးများ နေ့စဉ်နေ့တိုင်း ခံစားနေကြရကြောင်း သိရသည်။
“အဲဒီအမှိုက်ပုံကို မီးတိုက်သရွေ့ အနံ့ဆိုးကို အမြဲတမ်းခံစားနေရတယ်။ အနံ့ကောင်းကို မရဘူး၊ အနံ့ဆိုးဘဲ နံနေတာကို။ အမြဲတမ်းညိုနံနေတယ်၊ ကျမမှာ အနာတစ်လုံး လည်ပင်းမှာ ပေါက်နေတာလည်း အဲဒီ အနံ့တွေကြောင့် အများကြီးဖြစ်နေတယ်။ နေ့လည်လည်း နံတယ်၊ (မီး)တိုက်နေသမျှ နံနေတာကို။ အမှိုက်က နည်းနည်း မဟုတ်ဘဲ တောင်ပုံ/ယာပုံ ပုံနေတာဖြစ်တယ်။ အပုံကြီး ပုံနေတာကို မီးတိုက်ထားရင် တောင်လေ လာရင် တောင်လေ အနံ့၊ မြောက်လေလာရင် မြောက်လေအနံ့ဖြစ်နေတယ်။ မီးက အမြဲတမ်း လောင်နေတယ် ” ဟု တောင်ရင်းရပ်ကွက်မှ ဒေါ်မသိန်းညွန့်က ပြောသည်။
ယင်းအပြင် အမှိုက်ပုံများကို မီးရှို့ရာမှ ထွက်လာသော အနံ့ဆိုးများကြောင့် ဒေသခံများမှာ ခေါင်းမှုးခြင်း၊ သွေးတိုးခြင်း၊ အနာကျိတ်/အနာလုံးများ ပေါက်ခြင်းစသည့် ဆိုးကျိုးများကို ခံစားနေကြရကြောင်း ၎င်းကဆိုသည်။
ဒေသခံများသည် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့နေကြရသည့်အတွက် အမှိုက်ပုံအား အဝေးတစ်နေရာသို့ ပြောင်းရွှေ့စေချင်ကြောင်း တောင်ရင်းရပ်ကွက်မှ ဦးဝေဘလူးက ပြောသည်။
“ဒီအမှိုက်ပုံကို ပြောင်းရွှေ့နိုင်မယ်ဆိုရင် ရနိုင်သမျှအဝေးကို ပြောင်းရွှေ့စေချင်တယ်။ အနံ့တွေကြောင့် ကလေးတွေနဲ့နေလို့ မရဘူး။ အနာတစ်လုံးပေါက်ရင် တစ်လနဲ့ပျောက်မယ့်ဟာကို နှစ်လ၊ သုံးလအဲဒီလို ခံစားရတယ်။ ကလေးတွေနဲ့နေရတာကလည်း တစ်ရက်မကျန် အနံ့မသန့်ဘဲနေထိုင်ရတယ်။ မိုးရာသီဆိုရင်တော့ နည်းနည်းပါးပါးပဲနံတယ်။ တစ်နွေလုံး အနံ့နံတယ်။ ဒါကြောင့်ဒီ (အမှိုက်ပုံ) ကို ဝေးရာသို့ပြောင်းရွှေ့စေချင်တယ်” ဟု ၎င်းကပြောသည်။
အမှိုက်မီးရှို့မှုများကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများအနေဖြင့် အနံ့ဆိုးကျိုးများကို ခံစားနေရသည့်အတွက် စနစ်တကျဖြင့် လုပ်ဆောင်ရန် အမှိုက်မီးရှို့စက်တစ်လုံးလိုအပ်ကြောင့် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ဆိုသည်။
အဆိုပါ အမှိုက်ကိစ္စနှင့်ပတ်သတ်ပြီး ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းအောင်ဇံကို မေးမြန်းရာတွင် “ ဒီကိစ္စက တခြားမြို့နယ်တွေမှာလည်း အများကြီးကြုံခဲ့ရတယ်။ ဆိုတော့ အမှိုက်ကွင်းအရင်ရှိလား၊ ပြောတဲ့ လူတွေက ရှိလားဆိုတာ စုံစမ်းကြည့်ပါ ” ဟုသာ ဖြေဆိုပြီးနောက် ဖုန်းချသွား သည်။
သို့သော် တောင်ရင်းရပ်ကွက်အပါအဝင် လက်ရှိ အမှိုက်ပုံအနီးတွင် နေထိုင်သူများမှာ အမှိုက်ပုံမရှိမီအချိန်ကနေ အချိန်ကြာမြင့်စွာ နေထိုင်နေသူများဖြစ်ကြောင်းနှင့် အမှိုက်ပုံမှာ ယင်းနေရာသို့ နောက်မှ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
DMG သတင်းဌာနမှ ကျောက်ဖြူမြို့ တစ်ခုလုံးမှ လက်ရှိ အမှိုက်စွန့်ပစ်သည့်အဆိုပါနေရာသို့ မတ်လ ၂၃ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့သည့်အခါ ပုံထားသောအမှိုက်များ မီးလောင်နေသည်ကို တွေ့ရှိခဲ့ရသကဲ့သို့ မီးခိုးငွေ့များ တထောင်းထောင်းထွက်ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။