- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပြည်တွင်းတွင် စားသုံးဆီဖူလုံရန် နှမ်းနက်မှအပ ဆီထွက်သီးနှံများ ပြည်ပသို့တင်ပို့မှုကိုယာယီရပ်ထား
မြဝတီကုန်သွယ်ရေးဇုန်မှ တဖက်နိုင်ငံသို့တင်ပို့နေသည့် ဆီထွက်သီးနှံများတွင် (နှမ်းနက်)မှအပ မြေပဲနှင့် နှမ်းတင်ပို့မှုကို မေလ(၉)ရက်နေ့မှစတင်ကာ ခေတ္တဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
11 May 2022
DMG ၊ မေ ၁၁
မြဝတီကုန်သွယ်ရေးဇုန်မှ တဖက်နိုင်ငံသို့တင်ပို့နေသည့် ဆီထွက်သီးနှံများတွင် (နှမ်းနက်)မှအပ မြေပဲနှင့် နှမ်းတင်ပို့မှုကို မေလ(၉)ရက်နေ့မှစတင်ကာ ခေတ္တဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားဘက်မှ စားသုံးဆီတင်ပို့မှုပိတ်လိုက်သည့်အတွက် မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းရန်ဆောင်ရွက်နေချိန်တွင် ပြည်တွင်း၌ စားသုံးဆီလုံလောက်မှုရှိစေရန် တဖက်နိုင်ငံသို့ ဆီထွက်သီးနှံတင်ပို့မှုကို ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက DMG သို့ ပြောသည်။
“ပြည်တွင်းမှာထွက်တဲ့ ဆီထွက်သီးနှံတွေကနေကြိတ်တာ ပြည်တွင်းမဖူလုံဘူး။ မဖူလုံတဲ့အတွက် တစ်လကို ပျမ်းမျှတန်ချိန် ၅ သောင်းလောက် ပြည်ပကတင်သွင်းနေရတယ်။ အဲဒီအချိန်မှာ အင်ဒိုနီးရှားက Export ပိတ်လိုက်တဲ့အခြေအနေကို ကျွန်တော်တို့ကြုံလာရတယ်။ အင်ဒိုနီးရှားက ၉၄ ရာခိုင်နှုန်းအထိ ကျွန်တော်တို့ သွင်းနေရတယ်”ဟု ၎င်းကဆိုသည်။
ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့်နှမ်းကို ပြည်ပတင်ပို့မှုရပ်ဆိုင်းလိုက်ခြင်းမှာ ကောင်းသည်ဟု ရခိုင်ပြည်မှ ဆီလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုလှမောင်သိန်းက ပြောသည်။
“အခုလိုလုပ်တာတော့ ကောင်းတာပေါ့။ မဟုတ်ရင် ပြည်ပကိုပဲ အားကိုးနေရတာဆိုတော့”ဟု ၎င်းကပြောသည်။
ရခိုင်မှထွက်ရှိသည့် မြေပဲများကို ပြည်မသို့တင်ပို့လျက်ရှိကြောင်း ဆီလုပ်ငန်းရှင် ကိုလှမောင်သိန်းက ပြောသည်။ လက်ရှိ စားအုန်းဆီတစ်ပိဿာလျှင် ၆၃၀၀ ကျပ်နှင့် မြေပဲဆီတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်အထိ ဈေးရှိကြောင်း သိရသည်။
ကုန်သွယ်ရေးစခန်းများမှ တင်ပို့ခွင့်ပြုလျှက်ရှိသည့်ဆီထွက်သီးနှံများတွင် (နှမ်းနက်)မှအပ မြေပဲနှင့် နှမ်းတင်ပို့မှုကို ခေတ္တဆိုင်းငံ့ထားရန်နှင့် မြေပဲ၊ နှမ်းတို့ အမှန်တင်ပို့မှုမရှိစေရေးဆောင်ရွက်ရန် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။