- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့်တိုက်ပွဲများကြောင့် ကရင်နီဒေသမှ နေအိမ်တစ်ထောင်ခန့်ပျက်စီးမှုရှိဟုဆို
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ဒေသတွင် ဖြစ်ပွားလာသောတိုက်ပွဲများအတွင်း (ဧပြီလ ၂၀ ရက်)နေ့အထိ နေအိမ်ပေါင်းတစ်ထောင်ကျော် ပျက်စီးမှုရှိခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)အဖွဲ့မှ ထုတ်ပြန်သည်။
21 Apr 2022
DMG ၊ ဧပြီ ၂၁
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ဒေသတွင် ဖြစ်ပွားလာသောတိုက်ပွဲများအတွင်း (ဧပြီလ ၂၀ ရက်)နေ့အထိ နေအိမ်ပေါင်းတစ်ထောင်ကျော် ပျက်စီးမှုရှိခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)အဖွဲ့မှ ထုတ်ပြန်သည်။
ကယား(ကရင်နီ)ဒေသတွင် မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။
ထိုတိုက်ပွဲများတွင် မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုတို့မှာ ကျေးရွာအတွင်းသိုကျရောက်မှုရှိပြီး ဒေသခံနေအိမ်တစ်ထောင်ခန့် ပျက်စီးမှုရှိခဲ့ခြင်းဖြစ်သည်ဟု PKPF အဖွဲ့ကဆိုသည်။
ပျက်စီးနေအိမ်များမှာ ဒီးမော့ဆိုတွင် (၅၆၄)လုံး၊ လွိုင်ကော်တွင် (၁၀၈)လုံး၊ ဖယ်ခုံတွင် (၂၅၆)လုံးနှင့် ဖရူဆိုတွင် (၃၉)လုံး အသီးသီးပျက်စီးခဲ့ကြောင်း PKPF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ပြီးခဲ့သည့်ဧပြီလဒုတိယအပတ်ကလည်း ဒီးမော့ဆိုနှင့် ဘော့လခဲမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ လက်နက်ကြီးထိမှန်ခဲ့မှုကြောင့် ကရင်နီစစ်ဘေးရှောင်အချို့ နေရာပြောင်းရွှေ့ခဲ့ရသည်။
"စစ်ဘေးရှောင်စခန်းအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာရယ်။ လေယာဉ်ပျံနဲ့ဗုံးကြဲတာအပါအဝင် ၁၀ ကြိမ်လောက်ရှိတယ်။ ဒေသခံ ၁၀၀၀ ကျော်ကို နေရာထပ်ရွှေ့ပေးလိုက်ရတယ်"ဟု စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသူတစ်ဦးကပြောသည်။
မြန်မာစစ်တပ်နှင့် KNDF ပူးပေါင်းအဖွဲ့တို့ကြား ယခုဧပြီ (၁၀)ရက်မှ(၁၈)ရက်နေ့အထိ ၉ ရက်အတွင်း တိုက်ပွဲပေါင်း ၂၀ ကျော်ဖြစ်ပွားခဲ့ကြောင်းလည်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။
ထိုတိုက်ပွဲများကြောင့် ဘောလခဲမြို့နယ်ရှိ နန်းဖဲ-ဘော်လခဲ ကားလမ်းမကို ဧပြီ(၁၈)ရက်မှ မေလ(၁၈)ရက်နေ့အထိ သေဒခံများ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် KNDF မှထုတ်ပြန်ထားသည်။
KNDF ပူးပေါင်းအဖွဲ့ဝင်တစ်ဦးမှ "အဓိက ဘော်လခဲလမ်းမပိုင်းမှာ တိုက်ပွဲဖြစ်လာတယ်။ အဲဒါကြောင့် သွားလာခွင့်တစ်လ ယာယီပိတ်ထားတယ်။ အခြေအနေတည်ငြိမ်လာရင်တော့ ပြန်ဖွင့်ပေးဖို့ရှိပါတယ်"ဟု ဆိုသည်။
ကယား(ကရင်နီ)ဒေသ၌ မြန်မာစစ်တပ်နှင့် KNDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများပြင်းထန်မှုကြောင့် ဒေသခံနှစ်သိန်းကျော်မှာ နီးစပ်ရာတောတောင်များ၌ စစ်ဘေးရှောင်တိမ်းနေကြရသည်။