- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၁၇ ရက်နေ့ထွက်မည်ဟု ရခိုင်ပညာရေးမှူးပြော
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို လာမည့် ဇွန်လ ၁၇ ရက်နေ့တွင် သက်ဆိုင်ရာ စာစစ် ဌာနအသီးသီးတွင် ထုတ်ပြန်ကြေငြာသွားမည်ဟု ရခိုင်ပြည်ပညာရေးမှူး ဦးဘထွီးစိန်က DMG သို့ အတည် ပြုသည်။
15 Jun 2022
DMG ၊ ဇွန် ၁၅
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို လာမည့် ဇွန်လ ၁၇ ရက်နေ့တွင် သက်ဆိုင်ရာ စာစစ် ဌာနအသီးသီးတွင် ထုတ်ပြန်ကြေငြာသွားမည်ဟု ရခိုင်ပြည်ပညာရေးမှူး ဦးဘထွီးစိန်က DMG သို့ အတည် ပြုသည်။
“ အောင်စာရင်းကတော့ ဇွန် ၁၇ ရက်နေ့ ကပ်မယ်ဆိုပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အကြောင်ကြားထား တယ်။ စာစစ်ဌာနတွေမှာ အောင်စာရင်းကပ်မှာ။ ကျောင်းအားလုံးမှာမဟုတ်။ စာမေးပွဲစစ်ခဲ့တဲ့ စာစစ်ဌာန တွေမှာပါ။ မြို့နယ် ပညာရေးမှုးရုံးမှာလည်း ကပ်ပေးသွားမှာပါ ” ဟု သူကဆိုသည်။
မည်သည့်အချိန်တွင် အောင်စာရင်းကပ်မည်ကို တိတိကျကျမပြောသော်လည်း လျှို့ဝှက်ညွှန်ကြားထားပြီးသား ဖြစ်ကြောင်း ဦးဘထွီးစိန်က ဆက်လက်ပြောသည်။
“မြို့နယ်ပညာရေးမှူးတွေနဲ့ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းအုပ်တွေက ကပ်လိမ့်မယ်။ အချိန်ကိုတော့ ပြည်နယ်ပညာရေးမှူးရုံးက မသိဘူး။ လျှို့ဝှက် ညွှန်ကြားထားပြီးသားဖြစ်တယ် အဲဒါကိုက။ အွန်လိုင်းကနေ ထုတ်ပြန်သွားမယ့်ဟာကတော့ ပြောလို့မရှိဘူး။ သို့သော်လည်းပဲ အရင်နှစ်တွေကလိုပဲ အွန်လိုင်းကနေ ကြေငြာမယ်ထင်တယ်”ဟု ၎င်းက ဆိုသည်။
ရခိုင်တွင် စာမေးပွဲဖြေဆိုရန်အတွက် စာရင်းပေးသွင်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၄၅၆၀၀ ဦးအထိရှိခဲ့သော် လည်း ၃၄၀၀၀ ကျော်ဝင်ရောက်ဖြေဆိုခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးတွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ သုံးသိန်းကျော် ရှိခဲ့သည့်အနက် ရခိုင်ပြည်မှ အများဆုံးဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။