- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူ လေယာဉ်ကွင်းကို အဆင့်တိုးမြှင့်ပြုပြင်မည်
ရခိုင်ပြည် ကျောက်ဖြူ လေယာဉ်ကွင်းကို ယခု (၂၀၂၂ - ၂၀၂၃) ဘဏ္ဍာနှစ်အတွင်း ပြန်လည်ပြုပြင် ဆောင်ရွက်ကာ ပြေးလမ်းများကို အဆင့်တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေကြောင်း သက်ဆိုင်ရာ လေယာဉ်ကွင်း တာဝန်ရှိသူထံမှ သိရသည်။
13 Jun 2022
DMG ၊ ဇွန် ၁၃
ရခိုင်ပြည် ကျောက်ဖြူ လေယာဉ်ကွင်းကို ယခု (၂၀၂၂ - ၂၀၂၃) ဘဏ္ဍာနှစ်အတွင်း ပြန်လည်ပြုပြင် ဆောင်ရွက်ကာ ပြေးလမ်းများကို အဆင့်တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေကြောင်း သက်ဆိုင်ရာ လေယာဉ်ကွင်း တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ကျောက်ဖြူလေယာဉ်ကွင်းကို လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ရပ်နား နေရာများကို အဓိက အဆင့်မြင့်တင် ပြုလုပ်မည်ဖြစ်ပြီး ယင်းကိစ္စအတွက် တင်ဒါခေါ်ထားပြီးဖြစ်ကြောင်းလည်း ကျောက်ဖြူ လေယာဉ်ကွင်းတာဝန်ခံ (ကွင်းမှူး) ဦးညီညီအောင်က DMG ကိုပြောသည်။
“ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်မှာ ပြုပြင်မယ်လို့တော့ သိရတယ်။ အဓိက လေယာဉ်ပြေးလမ်းနဲ့ ရပ်နားတဲ့ နေရာကို ကတ္တရာထပ်ပိုးခင်းပြီး လိုအပ်တာတွေ ပြင်မှာပါ။ ဘယ်နှစ်လပိုင်း အတွင်းဆိုတာတော့ ပြောလို့မရေ သးပါဘူး။ တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ ညှိနိုင်းပြီးမှပဲ ကျနာ်တို့ လုပ်ငန်းခွင်ကို စတင်သွားမှာပါ။ လောလော ဆယ်တော့ ဒါနဲ့ပတ်သက်ပြီး တင်ဒါခေါ်ယူထားတယ်လို့ သိရပါတယ် ” ဟု ဦးညီညီအောင်က ဆိုသည်။
အဆိုပါ ကျောက်ဖြူလေယာဉ်ကွင်း အဆင့်တိုးမြှင့်ခြင်းမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) ကို အကောင်းအထည်ဖော်ဆောင်ရန်အတွက်နှင့် နိုင်ငံခြားခရီးသွားများ ဝင်ရောက်လာမှုကို မျှော်ကိုးကာ ကြိုတင်ပြင်ဆင်ခြင်းဖြစ်နိုကြောင်း မြို့ခံများက ဆိုသည်။
သို့သော်လည်း ယခုဆိုးမြှင့်လုပ်ကိုင်မည့် ကိစ္စနှင့်အတူ လေယာဉ်ကွင်း၏ အဓိကအရေးပါသည့် ခရီးသည်များနား နေဆောင်နှင့် အိမ်သာတို့ကိုလည်း စနစ်တကျ အဆင့်မြှင့်တင်ပေးစေချင်ကြောင်း ကျောက်ဖြူမြို့နယ် အမတ်ဟောင်းတဦး ဖြစ်သူ ဦးဖိုးစံက DMG ကို ပြောသည်။
“ မကြာခင်အချိန်အတွင်းမှာ SEZ အထူးစီးပွားရေးဇုန်နဲ့အတူ အိမ်ရာစီမံကိန်းတွေ၊ မြို့သစ်စီမံကိန်းတွေပါ ပေါ်ပေါက်လာဖို့ရှိတယ်ဆိုတော့ ခရီးသွားလာရေး ဝန်ဆောင်မှုအနေနဲ့ ဒီလေယာဉ်ကွင်းပြုပြင်တာက ဆက်စပ်နေမယ် ထင်ပါတယ်။ ဒီလေယာဉ်ကွင်းက ပြုပြင်ဖို့ လိုအပ်နေတာလည်း ကြာပါပြီ။ ခရီးသည်နား နေဆောင်ဆိုရင်လည်း နေရာကျဉ်းပြီး အဆင်မပြေတာရှိတယ်။ အိမ်သာတွေကိုလည်း စနစ်တကျ ပြုပြင် ဆောင်ရွက်ပေးစေချင်ပါတယ် ” ဟု ဦးဖိုးစံက အကြံပြုသည်။
အဆိုပါ ကျောက်ဖြူလေယာဉ်ကွင်း အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် အမျိုးသားလွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ထုမေက အဆိုတင်သွင်းခဲ့ဖူးသည်။
ကျောက်ဖြူလေယာဉ်ကွင်းကို ဒုတိယ ကမ္ဘာစစ်အတွင်းက လေယာဉ်ကွင်း ပြေးလမ်းအဖြစ် အလျားပေ (၂၅၀၀) နှင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင် အလျားပေ (၄၆၂၀) နှင့် အနံပေ အကျယ်( ၁၀၀) အဖြစ်သို့ ပြန်လည်ပြုပြင်ခဲ့ကြောင်းလည်း သိရသည်။
ယင်းမှဆင့် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ယခုလက်ရှိအသုံးပြုနေသည့် ပြေးလမ်းမကြီးမှာ အလျားပေ (၇၅၀၀)နှင့် အနံပေ ( ၁၀၀)အဖြစ်သို့ ထပ်ပြီး အဆင့်တိုးမြှင့်ခဲ့ခြင်းကြောင်း သိရသည်။
လက်ရှိတွင် ကျောက်ဖြူလေယာဉ်ကွင်းသို့ အဲယားကမ္ဘောဇလေကြောင်းလိုင်း တစ်ပတ်လျင် (၅) ရက်နှင့် မြန်မာ့လေကြောင်းလိုင်းမှာ တစ်ပတ်လျင် (၃) ရက်ဖြင့် ရန်ကုန်နှင့် စစ်တွေလေဆိပ်သို့ ပုံမှန် ပြေးဆွဲပျံသန်းလျက်ရှိသည်။