- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒီးမော့ဆိုတွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံများထိခိုက်သေဆုံးမှုရှိ
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့၌ ယမန်နေ့(ဖေဖော်ဝါရီ ၂၃ ရက်) ညနေ ၆ နာရီမှစပြီး မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့ကြား တကျော့ပြန်တိုက်ပွဲကြောင့် နေအိမ်အတချို့ပျက်စီးခဲ့ကာ ဒေသခံများထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
24 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂၄
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့၌ ယမန်နေ့(ဖေဖော်ဝါရီ ၂၃ ရက်) ညနေ ၆ နာရီမှစပြီး မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့ကြား တကျော့ပြန်တိုက်ပွဲကြောင့် နေအိမ်အတချို့ပျက်စီးခဲ့ကာ ဒေသခံများထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ကယားနှင့် ရှမ်းပြည်နယ် နယ်မြေထိစပ်ရာဖြစ်သည့် မိုးဗြဲမြို့မှ ဒီးမော့ဆိုမြို့သို့ မြန်မာစစ်တပ်က အင်အားအများအပြားတိုးချဲ့လာမှုကြောင့် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း KNDF ပူးပေါင်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ DMG ကိုပြောသည်။
"အရင်နှစ်ရက်ကစပြီးတော့ စစ်ကောင်စီတပ်ဘက်က စစ်အင်အားတိုးချဲ့လာတယ်။ တင့်ကားတွေကော၊ ရဟတ်ယာဉ်တွေကောပေါ့။ လူအင်အားတွေပါ အဆမတန်နဲ့ ဒီးမော့ဆိုဘက်ကို အလုံးအရင်းတက်လာတယ်။ နှစ်ဖက်စစ်ရေးတင်းမာမှုကနေ တိုက်ပွဲထပ်ဖြစ်ပြီးတော့ အထိအခိုက်အကျအဆုံးရှိခဲ့ပါတယ်"ဟု ၎င်းမှပြောသည်။
ထိုတိုက်ပွဲအတွင်း၌ မြန်မာစစ်တပ်ဘက်မှ ၅၀ ဦးကျော်နှင့် KNDF ပူးပေါင်းအဖွဲ့မှ ၂၀ ဦးကျော် အထိအခိုက်ကျဆုံးမှုရှိခဲ့ကြောင်း ဆိုသည်။
ထို့အပြင် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံနှင့် ဒေါကမီးကျေးရွာအနီးအနားသို့ ယမန်နေ့ညနေပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၂)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၂)ဦးထက်မနည်းရှိခဲ့ကာ နေအိမ်(၅)လုံးကျော် မီးလောင်ပျက်စီးမှုရှိခဲ့သည်။
ဒေသခံများမှာ လက်ရှိအချိန်ထိ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှဆိုသည်။
"လေကြောင်းနဲ့ ထပ်ပြီးတိုက်ခိုက်ခဲ့တယ်။ ပထမတိုက်ပွဲဖြစ်ကတည်းက ဒေသခံတော်တော်များများက တိမ်းရှောင်ကုန်ပြီ။ အခုလက်ကျန်ရှိတဲ့ဒေသခံတွေ ထပ်ပြီးတိမ်းရှောင်ရတယ်။ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေက အရေးပေါ်လိုအပ်နေဆဲဖြစ်ပါတယ်"ဟု ၎င်းမှဆိုသည်။
ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၅ နာရီအချိန်မှ နေ့လည်အချိန်အထိ မြန်မာစစ်တပ်နှင့် KNDF ပူးပေါင်းအဖွဲ့ကြား ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့အနီးအနား၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သိရသည်။