- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျိုက်ထိုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ဆေးရေးတင်းကျပ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီ ၆ ရက်နေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့များမှ မြို့အတွင်းလုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။
10 Jan 2022
DMG ၊ ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီ ၆ ရက်နေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့များမှ မြို့အတွင်းလုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့က ကျိုက်ထိုမြို့ အ.ထ.ကကင်းမွန်ချောင်းနှင့် မြို့နယ်လျှပ်စစ်ရုံးတို့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ လျှပ်စစ်ရုံးပေါက်ကွဲမှုတွင် ရုံးဝန်ထမ်းတစ်ဦးနှင့် မီတာလာရောက်ပေးဆောင်သူများ အနည်းငယ်ထိခိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့များမှ စစ်ဆေးဆောင်ရွက်မှုရှိနေကြောင်း ဒေသခံတစ်ဦးမှ DMG ကိုပြောသည်။
"ဖမ်းဆီးထားတဲ့အသံမကြားရဘူး။ လျှပ်စစ်ရုံးနဲ့ မြို့မရဲစခန်းက ငါးမိနစ်လောက်သွားရတဲ့အကွာအဝေးပဲရှိတယ်။ ချက်ခြင်းမလာကြဘူး။ အင်အားအများအပြားနဲ့တော့ စစ်ဆေးတာမတွေ့ရသေးဘူး။ မနေ့ မနက်ပိုင်းကတော့ အ.ထ.က(ကျိုက်ထို) အရှေ့မှာတော့ ဆိုင်ကယ်တွေစစ်တာရှိပါတယ်။ ဝမ်းလျားမှောက်ခိုင်းတာတို့ပေါ့နော်။ ရိုက်တာတို့ကြားမိတာရှိပါတယ်"ဟု ၎င်းမှပြောသည်။
အ.ထ.ကကင်းမွန်ချောင်း ပေါက်ကွဲမှုနှင့်ပက်သက်ပြီး စစ်ကောင်စီမှ PDF အဖွဲ့များပြုလုပ်သည်ဟု ပြောဆိုထားသည်။
ထိုစွပ်စွဲပြောဆိုမှုမှာ မှန်ကန်ခြင်းမရှိသည့်အပြင် ပြည်သူများထိခိုက်မှုစေရန်အတွက် လုံးဝလုပ်ဆောင်ထားခြင်းမရှိကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေး(PDF)မှ ငြင်းဆိုထားသည်။
"အခုလုပ်ဆောင်မှုတွေထဲမှာ မြို့နယ်လျှပ်စစ်ရုံးကိုဖောက်ခွဲမှုက စစ်ကောင်စီအပေါ် ငွေကြေးပေးသလိုဖြစ်နေတဲ့အတွက် သတိပေးပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ စာသင်ကျောင်းပေါက်ကွဲမှုအနေနဲ့ကတော့ ကျွန်တော်တို့အဖွဲ့အနေနဲ့ပြုလုပ်တာမဟုတ်ပါဘူး။ ပြည်သူကိုထိခိုက်ဒဏ်ရာရစေဖို့အတွက်ရည်ရွယ်ပြီးတော့ လုပ်ဆောင်ခြင်းမျိုးလဲမရှိပါဘူး"ဟု ကျိုက်ထိုPDF မှ တာဝန်ရှိသူက ပြောဆိုထားသည်။
အ.ထ.ကကင်းမွန်ချောင်းတွက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် စာသင်ကျောင်းသို့လာရောက်သည့် ကျောင်းသူတစ်ဦးနှင့် ကျောင်းအဝင်ဂိတ်တွင်စောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရာအနီးအနားသို့ လုံခြုံရေးတင်းကျပ် စစ်ဆေးမှုများရှိခဲ့သည်။
# F004