- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရဟု မိသားစုဝင်များပြော
ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်မှာ ရန်ကုန်လေဆိပ်တွင် ယနေ့ (ဇွန်လ ၂၅ ရက်) ဖမ်းဆီးခံရကြောင်း မိသားစုဝင်များက DMG သို့ အတည်ပြုပြောဆိုသည်။
25 Jun 2021
DMG ၊ ဇွန် ၂၅
ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်မှာ ရန်ကုန်လေဆိပ်တွင် ယနေ့ (ဇွန်လ ၂၅ ရက်) ဖမ်းဆီးခံရကြောင်း မိသားစုဝင်များက DMG သို့ အတည်ပြုပြောဆိုသည်။
ကိုကျော်သန်းလှိုင်ကို မည်သည့်အတွက် ဖမ်းဆီးသွားသည်ကို မသိရှိရသေးသော်လည်း ရန်ကုန်လေဆိပ်၌ ဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း ကိုကျော်သန်းလှိုင်၏ ဇနီးဖြစ်သူ ဒေါ်စိုးမိုးအေးက ပြောသည်။
"ဟုတ်ပါတယ်။ သူ့ကို ရန်ကုန်လေဆိပ်မှာ ဖမ်းသွားတယ်လို့သိရယ်။ သူက ဂျပန်ကနေ ဇွန်လ ၂၄ ရက်က ထွက်လာတာ။ ဒီနေ့မနက်က သူနဲ့အဆက်သွယ်မရတော့ဘူး။ အခုလောလောစဉ် ကျမကလည်း ဘာဆက်လုပ်ရမလဲဆိုတာ လူကြီးတွေနဲ့တိုင်ပင်ရအုံးမေ။ သူ့ကို ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကိုတော့ မသိရသေးဘူး" ဟု ပြောသည်။
ကိုကျော်သန်းလှိုင်၏ ညီဖြစ်သူ ကိုဝင်းသန်းကလည်း “သူကအမှန်ဆိုရင် ရန်ကုန်လေဆိပ်ကို ဒီနေ့ ၉ နာရီလောက်ရောက်မယ်ပြောတယ်။ ကျနော် ၁၀ နာရီလောက်မှာ အဆက်အသွယ်လုပ်ကြည့်တော့ အဆက်အသွယ်မရတော့ဘူး။ သူ့ကို ဘာလို့ ဖမ်းသွားတာလဲဆိုတာတော့ မသိဘူး။ ကျနော့်အစ်ကိုမှာ ဘာအပြစ်မှ မရှိဘူး။ သူအတွက် စိုးရိမ်မှုတွေတော့ရှိတယ်” ဟု ဆိုသည်။
ကိုကျော်သန်းလှိုင်မှာ ရခိုင်လူမှုရေးအသင်း (ဂျပန်) ၌ ၂၀၁၉-၂၀ ခုနှစ်တွင် ပြန်ကြားရေးမှူး၊ ၂၀၁၀- ၁၁ ခုနှစ်တွင် ဘဏ္ဍာရေးမှူး၊ ၂၀၁၁-၁၂ ခုနှစ်တွင် စာရင်းစစ်မှူး၊ ၂၀၁၂-၁၃ တွင် ဒုဥက္ကဌ၊ ၂၀၁၃-၁၄ - ၁၅ ခုနှစ်တွင် အတွင်ရေးမှူး၊ ၂၀၁၅ -၁၆-၁၇ ခုနှစ်တွင် ဥက္ကဌတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း ရခိုင်လူမှုရေးအသင်း (ဂျပန်) မှ သိရသည်။