- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပလက်ဝမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ
ပလက်ဝမြို့နယ်၊ စည်းမဝကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့(စက်တင်ဘာလ ၁ ရက်) နံနက် ၁၀ နာရီခန့်တွင် မိုင်းနင်းမိ၍ ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
01 Sep 2022
DMG ၊ စက်တင်ဘာ ၁
ပလက်ဝမြို့နယ်၊ စည်းမဝကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့(စက်တင်ဘာလ ၁ ရက်) နံနက် ၁၀ နာရီခန့်တွင် မိုင်းနင်းမိ၍ ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
မိုင်းထိမှန်ခဲ့သူမှာ အသက်(၂၅)နှစ်အရွယ် မောင်ကျော်အေးကျန်ဆိုသူဖြစ်သည်။ ၎င်းမှာ ကျေးရွာအနီးရှိ လယ်ယာသို့ ကောက်သစ်စပါးရိတ်ရန်သွားစဉ် မိုင်းနင်းမိခဲ့ပြီး ခြေတစ်ဖက်ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း စည်းမဝကျေးရွာမှ ဒေသခံတစ်ဦးက DMG ကိုပြောသည်။
“ရွာနဲ့တော့ သိပ်မဝေးဘူး။ ၅ ဖာလုံလောက်တော့ရှိမယ်။ သူက လယ်ကို စပါးရိတ်မလို့ဆိုပြီးသွားတာ။ အဲဒီမှာ မိုင်းနင်းမိတာ။ ခြေထောက်တစ်ဖက်က အကြောတွေတော့ အကုန်လုံးပြတ်သွားတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် မိုင်းထိမှန်ဒဏ်ရာရခဲ့သူကို ပလက်ဝမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားသည်။ ယခုကဲ့သို့ ကျေးရွာအနီးရှိ လယ်ပြင် သို့သွားသည့်လမ်းတွင် မိုင်းနင်းမိသောကြောင့် စည်းမဝကျေးရွာမှဒေသခံများမှာ စိုးရိမ်မှု မြင့်တက်လျက်ရှိကြသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ အမျိုးသမီးတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။ ထို့အတူ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း မောင်တောမြို့ တရိန်း(မြို)ကျေးရွာမှ အမျိုးသားတစ်ဦးမှာခည်း မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။
လက်ရှိတွင် ပလက်ဝမြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်၍ ဒေသခံများမှာစိုးရိမ်နေကြသည်။