- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမြို့တွင်ပြုလုပ်သည့် မဇ္ဈိမတံခါးပန်းချီပြပွဲ(သတင်းတို)
မဇ္ဈိမတံခါးပန်းချီပြပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)မှစတင်၍ ၂၆ ရက်နေ့အထိ ၃ ရက်တိုင် ခင်းကျင်းပြသသွားမည်ဖြစ်သည်။
24 Dec 2021
DMG ၊ ဒီဇင်ဘာ ၂၄
မဇ္ဈိမတံခါးပန်းချီပြပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)မှစတင်၍ ၂၆ ရက်နေ့အထိ ၃ ရက်တိုင် ခင်းကျင်းပြသသွားမည်ဖြစ်သည်။
အဆိုပါပန်းချီပြပွဲတွင် ရခိုင်ပြည်နေရာအနှံ့အပြားနှင့် ရန်ကုန်မြို့တို့မှ ရခိုင်လူမျိုးပန်းချီဆရာ ၄၄ ဦးတို့၏ စုစုပေါင်းပန်းချီကားချပ် ၁၅၉ ချပ်ကို ခင်းကျင်းပြသထားသည်။
“ရခိုင်ပြည်က ကျောင်းသားလူငယ်တွေက အနုပညာနဲ့ပတ်သက်ပြီး ကင်းကွာနေတာ နှစ်ပေါင်းများစွာကြာနေပြီ။ အဲဒါကြောင့်ကျောင်းသားလူငယ်တွေကိုရည်စူးပြီး ဝေးကွာနေတဲ့အနုပညာနဲ့ ပြန်ပြီးပေါင်းစပ်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပွဲကိုပြုလုပ်ပြသခြင်းဖြစ်တယ်”ဟု ရခိုင်ပြည်နယ်စစ်တွေမြို့မှ ပန်းချီဆရာဦးစိုးဌေး ပြောသည်။
ပန်းချီပြပွဲတွင် ယခင်ကရောင်းချပြီးသားပန်းချီကားချပ်များလည်းပါဝင်ပြီး လက်ရှိရောင်းချမည့်ပန်းချီကားချပ်များလည်းပါဝင်ကြောင်း သိရသည်။
ရခိုင်ပြည်တွင် ယခင်က ပန်းချီပြပွဲများကို စုပေါင်း၍ပြုလုပ်ခြင်းမရှိပဲ ယခုပထမဆုံးအကြိမ် စုပေါင်းပြီး ပန်းချီပြပွဲပြုလုပ်ပြသနေခြင်းလည်းဖြစ်သည်။
ရခိုင်က ခန်းမအများအပြားမှာ အစည်းအဝေးခန်းမများဖြစ်ကြပြီး ပန်းချီပြပွဲများအတွက် သီးသန့်ပြုလုပ်သည့်ခန်းမတစ်ခုတည်ဆောက်ထားရှိရန် ပန်းချီဆရာများကလိုလားနေကြသည်။