- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မွန်ပြည်နယ်က မြို့နယ်အချို့တွင် ရေရရှိရန်ခက်ခဲနေ
မွန်ပြည်နယ်ကမြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် သုံးစွဲရေရရှိရန် ခက်ခဲလာနေကြောင်း ဒေသခံများထံမှသိရသည်။
16 Mar 2022
DMG ၊ မတ် ၁၆
မွန်ပြည်နယ်ကမြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် သုံးစွဲရေရရှိရန် ခက်ခဲလာနေကြောင်း ဒေသခံများထံမှသိရသည်။
လက်ရှိတွင် လျှပ်စစ်မီးမှာ အချိန်ပြည့်မရရှိမှုကြောင့် ချက်ပြုတ်သုံးစွဲရန် ရေအခက်အခဲဖြစ်နေပြီး လူမှုကူညီရေးအဖွဲ့များမှ ပေးဝေသည့်ရေဖြင့်သုံးစွဲနေရကြောင်း မော်လမြိုင်မြို့ဒေသခံတစ်ဦးကပြောသည်။
“အရင်မီးပုံမှန်လာနေတုန်းကတော့ သုံးစွဲဖို့အခက်အခဲ မရှိသေးဘူးပေါ့။ နွေရာသီစဝင်ခါစကနေ မီးကလည်း တစ်နေ့ကို ၃ နာရီကျော်လောက်ပဲလာတယ်။ အခုလဆိုရင် မီးက တစ်ပတ်လောက်ကို ပျက်လိုက်လာလိုက် ဖြစ်နေပြီ။ အဲတော့ချက်ပြုတ်သုံးစွဲဖို့က ပိုပြီးခက်ခဲကုန်တယ်။ လူမှုကူညီရေးအသင်းတွေက ရေလှူပေးတာရယ်၊ ကန်ကသွားခတ်ပြီးသုံးစွဲရတာရှိပေမဲ့ လုံးဝအဆင်ပြေမှုမရှိပါဘူး"ဟု ၎င်းဒေသခံမှပြောသည်။
မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်နှင့် ကျိုက်ထိုမြိုနယ်တို့ရှိ ရပ်ကွက်ကျေးရွာများ၌ လျှပ်စစ်မီးမရရှိသဖြင့် စည်ပင်မှလည်း သုံးရက်လျှင်တစ်ကြိမ်သာ ရေပေးဝေမှုများရှိနေကြောင်း သိရသည်။
ဒေသတွင်း လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက “အခုက လျှပ်စစ်မီးအားကလည်း ပုံမှန်မလာတော့တဲ့ အတွက် ရေစက်တွေမောင်းဖို့ အခက်အခဲဖြစ်ကုန်တယ်။ ပုံမှန်ဆိုရင် တစ်နေကုန်နီးပါး ရေတင်စက်တွေ မောင်းနေရတာလို့ စည်ပင်ကမိတ်ဆွေတစ်ဦးကပြောပြတယ်။ အခုမီးမမှန်တော့ တစ်နေ့မှာ ၆ နာရီပဲ မောင်းနိုင်တယ်။ လျှပ်စစ်မီးသာ ပြန်လည်ပုံမှန်ရလာမယ်ဆိုရင်တော့ အဆင်ပြေလာနိုင်ပါတယ်”ဟု ၎င်းမှဆိုသည်။
လက်ရှိရေရရှိရန်အခက်အခဲဖြစ်နေသော မော်လမြိုင်မြို့နယ်တွင် ရွှေနတ်တောင်ဆည်၊ ကင်မွန်းချုံဆည်၊ အတ္တရံရေပေးဝေရေးစီမံကိန်းတို့မှ ရေဖြန့်ဝေပေးနေပြီး အခြားမြို့နယ်များကို စစ်တောင်းမြစ်နှင့် သက်ဆိုင်ရာ ရေပေးဝေရေးစနစ်တို့မှ ရေဖြန့်ဝေပေးနေခြင်းဖြစ်သည်။