- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရန်အတွက် အရပ်အဖွဲ့အစည်း ငြိမ်းချမ်းရေးကော်မတီ စတင်ဖွဲ့စည်း
ရခိုင်တွင်ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍပိုမိုအားကောင်းလာစေရန် အရပ်အဖွဲ့အစည်း ငြိမ်းချမ်းရေးကော်မတီကို စစ်တွေမြို့၌ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
02 Oct 2021
DMG ၊ အောက်တိုဘာ ၂
ရခိုင်တွင်ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍပိုမိုအားကောင်းလာစေရန် အရပ်အဖွဲ့အစည်း ငြိမ်းချမ်းရေးကော်မတီကို စစ်တွေမြို့၌ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
အဖွဲ့အစည်းစတင်ဖွဲ့စည်းသွားမည်ကို စစ်တွေမြို့ ကမ်းနားလမ်းရှိ အာရီယာန်ခန်းမတွင် ယနေ့ အောက်တိုဘာ လ ၂ နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီအထိ ကော်မတီဖွဲ့စည်းရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ကြားထဲတွင် ငြိမ်းချမ်းရေးလတ်မှတ်ထိုးခြင်းများမရှိသည့်အတွက် ငြိမ်းချမ်းကိုလုပ်ဆောင်နေသော အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် မှန်မှန်ကန်ကန်ရှိစေရန် လိုအပ်သောကြောင့် ယခုကဲ့သို့ ကော်မတီကိုဖွဲ့စည်းရခြင်းဖြစ်သည်ဟု စစ်တွေမြို့နယ်အရပ်ဖက်အဖွဲ့အစည်း ငြိမ်းချမ်းရေးကော်မတီမှ သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်ကောင်းစံက ပြောသည်။
“လက်ရှိမှာပေါ့နော်၊ ပြီးခဲ့တဲ့အစိုးရအဆက်အဆက်ကသွားနေခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေ ရဲ့ကဏ္ဍ အားကောင်းဖို့လိုတယ်ပေါ့။ အထူးသဖြင့်ဒီလိုအာဏာသိမ်းထားတဲ့ အချိန်မျိုးမှာဆိုရင်ပေါ့။ အိမ်စောင့်အစိုးရကပေါ့လေ။ ဒီအချိန်မျိုးမှာဆိုရင် ပိုပြီးတော့အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အရေးကြီးလာတယ်လို့ မြင်တယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာဆိုရင် ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ ကြားထဲမှာ ငြိမ်းချမ်းရေးလတ်မှတ်မထိုးနိုင်သေးဘူးပေါ့။ ဒီအပေါ်မှာကျနော်တို့လို့ငြိမ်းချမ်းရေး လုပ်ငန်းလုပ်ဆောင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပိုပြီးတော့ရှိနေဖို့လိုတယ်။ ” ဦးခိုင်ကောင်းစံက ဆက်ပြောသည်။
ယခုကဲ့သို့ အရပ်ဖက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးကော်မတီကို ရခိုင်ပြည်ရှိမြို့နယ်တိုင်းလိုလိုတွင် ဖွဲ့စည်းထားပြီး ဘူးသီးတောင်၊ မြောက်ဦးနှင့် စစ်တွေမြို့တို့တွင် ဖွဲ့စည်းထားခြင်း မရှိသေးသည့်အတွက် ယနေ့တွင် စစ်တွေမြို့၌ စတင်ဖွဲ့စည်းရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် စစ်တွေမြို့နယ်ကော်မတီဖွဲ့စည်းခြင်းရန်အတွက် အလုပ်ရုံဆွေးနွေးခြင်းကို တက်ကြွသောလူငယ်များ၊ လူလတ်ပိုင်းများ၊ ငြိမ်းချမ်းရေးကိုစိတ်ဝင်စားသည့် အဖွဲ့အစည်းအသစ်များကို ဖိတ်ကြားကာ ဆွေးနွေးခဲ့ကြပြီး ကော်မတီတွင် အဖွဲ့ဝင် ၉ ဦးမှ ၁၅ ဦးအထိ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ရဲ့ငြိမ်းချမ်းရေးက အထူးသဖြင့်တော့ ရခိုင်ပြည်မှာရှိနေတဲ့ မတူကွဲပြားတဲ့ လူမျိုးကြားထဲမှာသော်လည်းကောင်း ၊ မျိုးနွယ်စုတွေကြားထဲမှာသော်လည်းကောင်း၊ ပဋိပက္ခတွေမဖြစ်ရအောင် နောက်ပြီးတော့ ၂၀၁၂ ခုနှစ်ကလိုမျိုး ပဋိပက္ခတွေမဖြစ်ရအောင် ထပ်ပြီးတော့မဖြစ်ရအောင်ပေါ့။ နောက်တစ်ခုက ၂၀၁၉၊ ၂၀၂၀ ခုနှစ် တွေကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေလည်း မဖြစ်ပွားဖို့လိုတာပေါ့နော်။ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်အောင် ကျနော်တို့အရပ်ဖက်အစည်းအစည်းတွေကလည်း ဘယ်ကဏ္ဍမှာပါဝင်ကြမလဲဆိုတယ်အပေါ်မှာ မူတည်တဲ့ အတွက်ဖွဲ့စည်းကြတာဖြစ်တယ်” ဟုလည်း ဦးခိုင်ကောင်းစံက ဆက်ပြောသည်။
မြို့နယ်အလိုက်တွင် အရပ်အဖွဲ့အစည်း ငြိမ်းချမ်းရေးကော်မတီများဖွဲ့စည်းပြီးလျင် ပြည်နယ်အဆင့်ကော်မတီ များဖွဲ့စည်းသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်နိုင်အောင် စွမ်းရည်တည်ဆောက်သည့်သင်တန်းများကိုလည်း မြိ့နယ်အလိုက်ကော်မတီများတွင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကော်မတီဖွဲ့စည်းရေး အလုပ်ရုံဆွေးနွေးပွဲကိုတတ်ရောက်သည့် ရခိုင်လူအခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့၏ ဒါရိုက်တာဦးမြတ်ထွန်းက “အလုပ်ရုံဆွေးနွေးပွဲအတွက် ဖိတ်ကြားလာတဲ့အခါမှာကျတော့ ရခိုင်လူအခွင့်အရေးအဖွဲ့အစည်းအနေနဲ့ တက်ရောက်တာဖြစ်တယ်။ အဖွဲ့အစည်းအနေနဲ့ပြောရမယ်ဆိုရင်တော့ ငြိမ်းရေးဟာမဖြစ်မနေ ရှိဖို့လိုအပ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့နှစ်ဖက်လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်လိုရှိရင် အဓိကဘာလဲ ဆိုတော့လူအခွင့် အရေးချိုးဖောက်မှုတွေ အများကြီးရှိတယ်။ လူအခွင့်ရေးချိုးဖောက်မှုတွေအပြင် စစ်ရာဇဝတ်ကျူးလွန်မှုတွေ အများကြီးရှိတယ်။ ဒီဟာတွေကဖြစ်ပွားလာနေတာဆိုတော့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရှိနေတာဆိုတော့ ဒါတွေပျောက်သွားနိုင်တယ်။ လျှော့နည်းသွားနိုင်တယ်။ ဒါကြောင့်အခုဆွေးနွေးပွဲကို ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမဲ့ အစီအစဉ်ရှိတယ်” ဟုပြောသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စစ်တွေရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်လူဦးရေ ၂၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။