- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မီးရှို့ခံခဲ့ရသည့် ကျေးရွာနှစ်ရွာနှင့် သေဆုံးခဲ့သူနှစ်ဦးတို့အတွက် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရွာလုံးကျွတ်ဆီမီးထွန်း
ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ နေအိမ် ၁၄၈ အိမ်နှင့် သေဆုံးခဲ့ရသူ အမျိုးသား ၂ ဦးတို့အတွက် ဝမ်းနည်းခြင်းတစ်နှစ်ပြည့်အခမ်းအနားအဖြစ် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ ညရှစ်နာရီတွင် ရွာလုံးကျွတ်ဆီမီးထွန်းမှုများပြုလုပ်ခဲ့ကြသည်။
23 Aug 2021
DMG ၊ သြဂုတ် ၂၃
ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ နေအိမ် ၁၄၈ အိမ်နှင့် သေဆုံးခဲ့ရသူ အမျိုးသား ၂ ဦးတို့အတွက် ဝမ်းနည်းခြင်းတစ်နှစ်ပြည့်အခမ်းအနားအဖြစ် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ ညရှစ်နာရီတွင် ရွာလုံးကျွတ်ဆီမီးထွန်းမှုများပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ကျေးရွာနှစ်ရွာမီးရှို့ခံခဲ့ရသော်လည်း အဆိုပါနေ့မှာ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့ဖြစ်သဖြင့် ယနေ့ ကျရောက်သည့် ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင် ဝမ်းနည်းဖွယ်အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းအချိန်တွင် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ကို မြန်မာစစ်ကြောင်းမှ ဝင်ရောက်ပြီးနောက် နေအိမ်များ မီးရှို့ခံခဲ့ရကြောင်း ကျေးရွာသားများကပြောဆိုကြသည်။
နေအိမ်များကို မြန်မာစစ်သားများမှ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများမှ ပြောဆိုထားပြီး မြန်မာစစ်တပ်က ၎င်းတို့ မီးရှို့ခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုကာ ရက္ခိုင့်တပ်တော် လုပ်ဆောင်ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။ ရက္ခိုင့်တပ်တော်မှလည်း ၎င်းတို့ မီးရှို့ခဲ့ခြင်းမဟုတ်ကြောင်း မြန်မာစစ်တပ်၏ စွပ်စွဲမှုကို ပြန်လည်ငြင်းဆိုထားသည်။
ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁၀ လုံးနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၄ လုံး မီးလောင်ပျက်စီးခဲ့ကာ ယင်းဖြစ်စဉ်အတွင်း ပစ်ခတ်ခံရမှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါကျေးရွာများမှ ပျက်စီးသွားသော နေအိမ်များကို အစိုးရမှ ပြန်လည်ဆောက်လုပ်ပေးလျှက်ရှိသော်လည်း လက်ရှိတွင် ကျေးရွာတစ်ရွာလျှင် နေအိမ်အလုံး ၂၀ ခန့်သာ ဆောက်လုပ်ရသေးကြောင်း ဒေသခံများထံမှ သိရသည်။