- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်သားတစ်ဦး ဖမ်းဆီးခံရပြီးနောက် ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်း ပိတ်ထား
မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တစ်ဦးကို ဇွန်လ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးပြီးနောက်တွင် ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းကို မြန်မာစစ်တပ်က ပိတ်ဆို့တားဆီးထားသောကြောင့် သယ်ယူပို့ဆောင်ရေး ပြုလုပ်နေသူများနှင့် ဒေသခံများမှာ အခက်ကြုံတွေ့နေရသည်ဟု သိရသည်။
21 Jun 2022
DMG ၊ ဇွန် ၂၁
မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တစ်ဦးကို ဇွန်လ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးပြီးနောက်တွင် ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းကို မြန်မာစစ်တပ်က ပိတ်ဆို့တားဆီးထားသောကြောင့် သယ်ယူပို့ဆောင်ရေး ပြုလုပ်နေသူများနှင့် ဒေသခံများမှာ အခက်ကြုံတွေ့နေရသည်ဟု သိရသည်။
၂၂ မိုင် ၆ ဖာလုံ ရှည်လျားသော အဆိုပါလမ်းတွင် လက်ဝဲစာတိုက်နှင့် ပိန္နဲတောကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ် တို့တွင် မြန်မာစစ်တပ်က ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း လူမှုကူညီရေးကိစ္စများဆောင်ရွက်နေသည့် ဆရာတော် သဘာဝနဒီက မိန့်ကြားသည်။
“စမ်းမဒီးတံတားထိပ်ကနေပါ။ ပုဏ္ဏားကျွန်းဘက်က သွားတဲ့ကားတွေဆိုရင် မသွားရဆိုပြီးတားတာပေါ့။ ရသေ့တောင်ဘက်က လာတယ်ဆိုရင်လည်း ပိန္နဲတော ဂိတ်ကတားတယ်လို့ပြောတယ်။ ဟိုဘက်ဒီဘက် ဘယ်လိုမှ သွားလို့မရကြတော့ဘူး။ ဒီလမ်းကိုမှီခိုပြီး စီးပွားရေးလုပ်စားနေကြတဲ့ ရွာတွေလည်းရှိတယ်။ ပြီးရင် အဲလမ်းတောက်လျောက်မှာလည်း ရွာပေါင်း မြောက်များစွာရှိတယ်။ ပိတ်ထားတဲ့အတွက်ကြောင့် အဲဒီကြားမှာရှိတဲ့ ရွာတွေကတော့ ရိက္ခာပြတ်တောက်မှုနဲ့ အခြေခံစားသောက်ကုန် ပြတ်တောက်မှုတွေ စပြီပေါ့” ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါ ကားလမ်းတစ်လျှောက်တွင် ကျေးရွာပေါင်း ၅၀ ခန့်ရှိပြီး ယခုကဲ့သို့ ကားလမ်းတစ်လျှောက်ကို ရေရှည် ပိတ်ထားမည်ဆိုပါက အခက်အခဲပေါင်းစုံနှင့်ကြုံတွေ့လာရနိုင်ကြောင်း ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် အမြဲပြေးဆွဲနေသည့် ကားမောင်းသူ ဦးခင်ခင်မောင်က ပြောသည်။
“ကျွန်တော်တို့မှာ ကားတစ်စီးဝယ်ရင်ဆိုတောင် အကြွေးစနစ်နဲ့ ဝယ်ထားတာတွေလည်းရှိပါတယ်။ အဲဒီကားလေးတစ်စီးနဲ့ လည်ပတ်လုပ်စားနေကြတာလေ။ အခုကားမထွက်ရဘူးဆိုတော့ အခက်အခဲကို စဉ်းစားကြည့်ပါတော့လေ “ ဟု သူကပြောသည်။
ထိုသို့ ကားလမ်းပိတ်ထားမှုမှာ မည်သည့်အတွက်ကြောင့်ဆိုသည်ကို မသိရှိရသော်လည်း ဒေသခံများအတွက် ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေးကိစ္စများ ထိခိုက်လာမည်ဟု ဒေသခံများက ဆိုကြသည်။
“အဲဒီတခွင်မှာ လမ်းကြမ်းရင်လည်းကြမ်း ဒေသခံတွေက သွားလာလှုပ်ရှားနေကြရတာ။ ဈေးထွက် ဈေးဝယ်ဆိုရင်လည်း နောက်ကျရင်တောင်မှ ကားလေးတစ်စီးနဲ့ ဆိုရင် အရေးပေါ် သွားလာလို့ရပါတယ်။ လမ်းကြမ်းရင်လည်းကြမ်းပေါ့။ အခုက အဲဒီလမ်းကို လုံးဝ ပိတ်ထားတော့ ကျွန်တော်တို့ ကားသမားတွေရဲ့ အခက်အခဲကတော့ မတွေးရဲပါဘူး။ ဒီပုံစံသာ ရေရှည်ဖြစ်လာမယ်ဆိုရင် ပြောမပြနိုင်တဲ့ အခက်အခဲတွေ အများကြီးပါပဲ ” ဟု ဦးခင်ခင်မောင်က ဆက်လက်ပြောသည်။
ပုဏ္ဏားကျွန်းမြို့မှ ရသေ့တောင်မြို့သို့ သွားသည့်ကားလမ်းသည် အဆိုပါ လမ်းမကြီးတစ်ခုသာရှိပြီး ကုန်စည်များ သယ်ယူ ပို့ဆောင်ရေးအတွက် အဓိက အားကိုးနေရသည့် လမ်းမကြီး တစ်ခုသာဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။