- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က စာသင်ကျောင်းများတွင် အိုမီခရွန်ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးမှုများပြုလုပ်ရန် ညွှန်ကြားထား
ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် အဆိုပါစာသင်ကျောင်းများတွင် မျိုးဇပြောင်း အိုမီခရွန်ကိုဗစ်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကပြောသည်။
31 May 2022
DMG ၊ မေ ၃၁
ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် အဆိုပါစာသင်ကျောင်းများတွင် မျိုးဇပြောင်း အိုမီခရွန်ကိုဗစ်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကပြောသည်။
"ကျောင်းတွေပြန်ဖွင့်ရင် ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးအသိပေးမှုတွေဆောင်ရွက်သွားဖို့ရှိတယ်။ ညွှန်လည်းညွှန်ကြားထားတယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့်ပညာသင်နှစ်က အသက်(၁၂)နှစ်မှ (၁၈)နှစ်အရွယ်ရှိသည့် ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့သည်။
ယခုပညာသင်နှစ်တွင်လည်း အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကျောင်းသား ၃ သိန်း ၈ သောင်း ၆ ထောင်ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်အတွင်းတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်ပိုးကူးစက်ခံရသူ ၉ ဦးတွေ့ရှိခဲ့သည်။ အိုမီခရွန်နှင့်ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးမှုများကို ရခိုင်ပြည်အတွင်း လုပ်ဆောင်လျက်ရှိသည်ဟု ဒေါက်တာ စိုးဝင်းပိုင်ကဆိုသည်။
“အိုမီခရွန်ကတော့ တစ်ကြိမ်ပဲတွေ့ခဲ့တယ်။ အိုမီခရွန်ဆိုတာလည်း မျိုးရိုးဗီဇပြောင်း ကိုဗစ်တစ်မျိုးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာကနေဖို့၊ လူစုလူဝေးမလုပ်ဖို့၊ အပြင်ကိုသွားရင် MASK တပ်ဖို့ အသိပညာတွေပေးနေပါတယ်”ဟု ၎င်းကပြောသည်။
လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးထားသူ ၁၇၂၈,၂၁၂ ဦး၊ နှစ်ကြိမ်ထိုးထားသူ ၁၃၂၃,၉၀၇ ဦးနှင့် ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးထိုးထားသူ ၁၇၆,၀၇၉ ဦးရှိကြောင်း ကျန်းမာရေးဌာန၏စာရင်းအရ သိရသည်။
ပြည်သူများအနေဖြင့် ကိုဗစ်နှင့်ပတ်သက်ပြီး စည်းမျည်း၊စည်းကမ်းများကို လိုက်နာကြရန်နှင့် ကိုဗစ်ရောဂါပျောက်ကင်းသွားခြင်းမရှိသည်အတွက် သတိပြုကြရန် ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်ထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ (၆၁၃,၂၂၇)ဦး၊ သေဆုံးသူ (၁၉,၄၃၄)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မေလ ၂၃ နေ့အထိ ထုတ်ပြန်ချက်အရ သိရသည်။