ရက္ခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား စစ်တွေတက္ကသိုလ်တွင်ပြုလုပ်

ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျရောက်သည့် (၂၃၇) နှစ်မြောက် ရက္ခိုင့်အချုပ်အခြာကျဆုံးခြင်းဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို စစ်တွေတက္ကသိုလ်၊ ကျောင်းသားသမ္မဂ္ဂရုံးရှေ့၌ ညနေ ၄ နာရီ ချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

31 Dec 2021

DMG ၊ ဒီဇင်ဘာ ၃၁

ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျရောက်သည့် (၂၃၇) နှစ်မြောက် ရက္ခိုင့်အချုပ်အခြာကျဆုံးခြင်းဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို စစ်တွေတက္ကသိုလ်၊ ကျောင်းသားသမ္မဂ္ဂရုံးရှေ့၌ ညနေ ၄ နာရီ ချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ရခိုင်သူ/သားများ အဓိက ကျောင်းသူ/သားများအနေဖြင့် အမှတ်ရနေစေရန်အတွက်  ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်သည်ဟု
စစ်တွေတက္ကသိုလ် ကျောင်းသားသမ္မဂအသင်း ယာယီဥက္ကဌ ကိုဘုန်းပြည့်ဖြိုးမှ DMG သို့ ပြောသည်။

အခမ်းအနားတွင် အာရက္ခနိုင်ငံသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ရက္ခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းနေ့အား ဖယောင်းတိုင်မီးထွန်း၍ ဆုတောင်းခြင်း၊ ရခိုင့်ခေါင်းဆောင်များအား တစ်မိနစ်ခန့်ငြိမ်သက်၍ အလေးပြုခြင်း၊ ကဗျာဆရာအချို့မှ ကဗျာရွတ်ဆိုခဲ့သည်။

အဆိုပါပွဲအခမ်းအနားကိုလူ ဦးရေ ၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။