- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲမြို့တွင် လာမည့်အပတ်အတွင်း လျှပ်စစ်မီး ၁၀ နာရီကြာ ပြတ်တောက်မည်
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် လာမည့်မတ်လ(၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့တို့၌ တစ်နေ့ကို လျှပ်စစ်ဓာတ်အား (၁၀)နာရီကြာပြတ်တောက်မည်ဖြစ်ကြောင်း သံတွဲလျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၏ မတ်လ ၂၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။
25 Mar 2022
DMG ၊ မတ် ၂၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် လာမည့်မတ်လ(၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့တို့၌ တစ်နေ့ကို လျှပ်စစ်ဓာတ်အား (၁၀)နာရီကြာပြတ်တောက်မည်ဖြစ်ကြောင်း သံတွဲလျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၏ မတ်လ ၂၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မဟာဓာတ်အားလိုင်းမှူးရုံး(အမ်း) လက်အောက်ရှိ တောင်ကုတ်စခန်းမှ တာဝန်ယူထိန်းသိမ်းလျက်ရှိသော ၆၆ ကေဗွီ တောင်ကုတ်-သံတွဲဓာတ်အားလိုင်းတစ်လျှောက်အတွင်း တောတောင်ထူထပ်ပြီး စိမ့်စမ်းရေအမြဲရှိသောနေရာများနှင့်နီးသော Tension (၅၂)နှင့် Suspension (၁၅၂)တိုင်ရှိ ရေညှိတက်နေသောကြွေသီးတွဲများအား သန့်ရှင်းရေးဆောင်ရွက်မည်ဖြစ်သဖြင့် မီးဖြတ်တောက်ထားမည်ဟု ထိုထုတ်ပြန်ချက်အရသိရသည်။
ထိုသို့လျှပ်စစ်မီးပြတ်တောင်မှုမှာ သံတွဲမြို့ပေါ်ရှိ ရပ်ကွက် (၁၃)ခု၊ ကျေးရွာ (၁၁၇)ရွာ၊ တပ်နယ်(၄)ခုနှင့် ဟိုတယ်ဇုန် (၁)ခုတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်မီး (၁၀)နာရီကြာပြတ်တောက်မည်ဆိုပါက ရုံးအလုပ်များ ကြန့်ကြာခြင်း၊ အိမ်တွင်းမှုလုပ်ငန်း၊ စီးပွားရေးလုပ်များလည်းထိခိုက်ကာ အခက်အခဲများရှိမည်ဖြစ်ကြောင်း သံတွဲဒေသခံ ဒေါ်ကြည်ကြည်လွင်က DMG သို့ ပြောသည်။
“ပုံမှန်မီးမနက် ၁၀ နာရီပြတ်ရင် နေ့လည် ၁၂ နာရီလာတယ်။ညနေ ၄ နာရီပြတ်ရင် ည ၆ နာရီလာတယ်။ ထမင်းဟင်းတွေချက်ရတယ်။ ရုံးအလုပ်တွေဆိုတော့ ကွန်ပျူတာသုံးရတယ်လေ။အခုလို တစ်ရက်မှာမီး ၁၀ နာရီလောက်ပြတ်မယ်ဆိုတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ နှောင့်နှေးမှုတွေဖြစ်ကုန်မယ်”ဟု ဒေါ်ကြည်ကြည်လွင်က ဆိုသည်။
လက်ရှိသံတွဲမြို့တွင် ပုံမှန်မနက် (၁၀)နာရီတစ်ကြိမ်နှင့် ညနေ(၄)နာရီတစ်ကြိမ် မီးပြတ်တောက်လေ့ရှိရာ တစ်ခါဓာတ်အားပြတ်တောက်လျှင် (၂)နာရီကြာမြင့်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လျှပ်စစ်မီးကို အဓိကအားထားလုပ်ကိုင်နေရသည့် လုပ်ငန်းများ ထိခိုက်နစ်နာမှုများရှိပြီး တချို့လုပ်ငန်းများမှာ ယာယီရပ်နားထားကြရသည်။ ထို့အတူ မီးပြတ်တောက်မှုကြောင့် မီးစက်ဝယ်ယူအသုံးပြုကြရာတွင်လည် စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှုကြောင့် အဆင်မပြေဖြစ်နေကြရသည်။