- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ၅ နှစ်အထက် ကလေးငယ်သုံးသိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးမည်
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုမှ အသက် ၅ နှစ်အထက်ကလေးငယ် (၃သိန်း ၈သောင်း ၆ထောင်ကျော်)ကို ဇွန်လ ၂ ရက်နေ့မှစ၍ ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
30 May 2022
DMG ၊ မေ ၃၀
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုမှ အသက် ၅ နှစ်အထက်ကလေးငယ် (၃သိန်း ၈သောင်း ၆ထောင်ကျော်)ကို ဇွန်လ ၂ ရက်နေ့မှစ၍ ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ကာကွယ်ဆေးထိုးမှာက Sinopharm ကာကွယ်ဆေးအမျိုးအစားကို ထိုးပေးသွားမှာဖြစ်ပါတယ်။ ဆေးတွေကတော့ ဒီကိုရောက်နေပါပြီ”ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။
ဇွန်လပထမပတ်တွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းရှိ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်တွင် လက်ရှိအချိန်ထိ ကျောင်းအပ်နှံထားသည့် မူလတန်းကျောင်းသားဦးရေ ၂ သိန်းကျော်ရှိပြီဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကပြောသည်။
“လောလောဆယ်တော့ မူလတန်းကျောင်းသားဦးရေ ၂ သိန်းကျော်ရှိတယ်။ နောက်ထပ်ဝင်လာဖို့တော့ ရှိသေးတယ်။ ကျောင်းသားဦးရေ ၃ သိန်းကျော်ခန့်မှန်းထားပါတယ်”ဟု ၎င်းက DMG သို့ပြောသည်။
ပြီးခဲ့သည့်ပညာသင်နှစ်က အသက်(၁၂)နှစ်မှ (၁၈)နှစ်အရွယ်ရှိသည့် ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့သည်။
လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးထားသူ ၁၇၂၈,၂၁၂ ဦး၊ နှစ်ကြိမ်ထိုးထားသူ ၁၃၂၃,၉၀၇ ဦးနှင့် ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးထိုးထားသူ ၁၇၆,၀၇၉ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။