- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာနိုင်ငံတွင် ပြည်သူများကိုခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ကုလတောင်းဆို
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခအတွင်း အရပ်သားပြည်သူများကို မရပ်မနားခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုများကိုအဆုံးသတ်ရန် ကုလသမဂ္ဂက ယနေ့(သြဂုတ်လ ၁၉ ရက်)တွင်ကျရောက်သည့် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာအထိမ်းအမှတ်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်သည်။
19 Aug 2022
DMG ၊ သြဂုတ် ၁၉
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခအတွင်း အရပ်သားပြည်သူများကို မရပ်မနားခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုများကိုအဆုံးသတ်ရန် ကုလသမဂ္ဂက ယနေ့(သြဂုတ်လ ၁၉ ရက်)တွင်ကျရောက်သည့် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာအထိမ်းအမှတ်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်သည်။
အပြည်ပြည်ဆိုင်ရာဥပဒေအရ ပြည်သူများရသင့်ရထိုက်သည့် အကာအကွယ်များနှင့်အညီ အရပ်သားပြည်သူများကို မည်သည့်အခါမှ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုရန်နှင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေကြသူများကိုပါ ကန့်သတ်နှောင့်ယှက်ခြင်းမရှိဘဲ ဆောင်ရွက်ခွင့်ပေးရန်လည်း ထုတ်ပြန်ချက်မှာပါရှိသည်။
“အခုဖြစ်ပွားနေတဲ့ပဋိပက္ခကြောင့် တစ်နိုင်ငံလုံးမှာ လူပေါင်း ၁ ဒသမ ၂ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီ။ ဆင်းရဲနွမ်းပါးမှုနဲ့ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာမှုနဲ့အတူ လူသားချင်း စာနာမှုဆိုင်ရာလုပ်ငန်းတွေကို အရေးတကြီးဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်”ဟု ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး(ယာယီ) မစ္စတာ ရာမနသန်ဘလာခရစ်ရှိနန်က ထုတ်ပြန်ချက်မှာ ထည်သွင်းပြောကြားထားသည်။
လက်ရှိ မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဘေးဒဏ်ကိုခံစားနေကြသော လူဦးရေစုစုပေါင်း ၆ သန်းကို ယခုနှစ်မကုန်မီက အကူအညီပေးရန် ဆောင်ရွက်လျက်ရှိသော်လည်း ပထမနှစ်ဝက်အတွင်း လူဦးရေ ၃ သန်းကိုသာ ကူညီပေးနိုင်ခဲ့ကြောင်း ကုလကဆိုသည်။
ယင်းကြောင့် အကူအညီလိုအပ်သူများထံသို့ သွားရောက်ရာတွင် ကန့်သတ်ချက်များလျော့ပေါ့ပေးရန်နှင့် ပဋိပက္ခဒဏ်ကို ခံစားနေရသည့်ဒေသများသို့ ကူညီဆောင်ရွက်ပေးခွင့်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာပါရှိသည်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့တချို့က လုံခြုံရေးကိုအကြောင်းပြကာ ပြည်သူများ၏အခက်အခဲများကို လျစ်လျူရှုထားကြသည်ဟု ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
“လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့လည်း ပြည်သူတို့ရဲ့ အတိဒုက္ခတွေကိုကူညီပေးဖို့ အဖွဲ့အစည်းတွေကို လုံးဝပိတ်ဆို့ဟန့်တားတာတွေ မလုပ်ဖို့လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေဟာ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရမယ့်ကိစ္စတွေပဲဖြစ်တယ်။ လက်နက်အားကိုးနဲ့ နိုင်ငံရေးပြဿာနာကိုဖြေရှင်းဖို့မလုပ်ဘဲနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းနဲ့ လုပ်ဖို့လိုအပ်တယ်”ဟု ဦးသာထွန်းလှက ပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်တပ်အာဏာသိမ်းယူလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁ ဒသမ ၂ သန်းအထိရှိကြောင်း ကုလသမဂ္ဂ၏သြဂုတ်လ ၈ ရက်နေ့တွင်ထုတ်ပြန်သည့် စာရင်းအရသိရသည်။