- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးယဉ်ကျေးမှုဒေသ ယူနက်စကိုဝင်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို တင်သွင်း
မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်(UNESCO)စာရင်း ဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလ ဒုတိယအပတ်က တင်သွင်းလိုက်ပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
16 Sep 2021
DMG ၊ စက်တင်ဘာ ၁၆
မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်(UNESCO)စာရင်း ဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလ ဒုတိယအပတ်က တင်သွင်းလိုက်ပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
အဆိုပြုလွှာမူကြမ်းကို ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ကော်မတီထံသို့ စက်တင်ဘာလ ဒုတိယအပတ်က ရောက်ရှိသွားပြီဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာန(ခွဲ) ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးကပြောသည်။
“မူကြမ်းကို စက်တင်ဘာလမှာ ကမ္ဘာ့အမွေအနှစ်ကော်မတီကို ပို့လိုက်ပါပြီ။ ပြင်သစ်ကို ပို့ရတာပါ။ ကျနော်တို့ဖက်က ရန်ကုန်ကနေတဆင့် စက်တင်ဘာ လဆန်းပိုင်းလောက်က ပို့လိုက်ကြတာပါ။လိုအပ်တဲ့အချက်အလက်တွေ၊ မြောက်ဦးက ဘယ်လောက်ထိ ကျယ်ဝန်းတယ်၊ကြီးကျယ်ခမ်းနားတယ်ဆိုပြီးတော့ ရေးသားချက်တွေ၊ မြေပုံတွေ၊ ပုံတွေကို ပို့ပေးလိုက်ပါပြီ၊ Soft Copy နဲ့ ပို့ပေးလိုက်တာပါ၊အခုက မူကြမ်းပဲ တင်ပြပေးလိုက်တာပါ” ဟု ၎င်းက ဆိုသည်။
မြောက်ဦးကို UNESCO ဝင်ရောက်ရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်အဆိုပြုလွှာအချောကို တင်သွင်းရမည်ဖြစ်ပြီး ယင်းနောက် သက်ဆိုင်ရာပညာရှင်များက ကွင်းဆင်းလေ့လာစစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
သက်ဆိုင်ရာပညာရှင်များ ကွင်းဆင်းစစ်ဆေးပြီးနောက် ၂၀၂၃ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတွင် အစည်းအဝေး ပြုလုပ်ကာ UNESCO ဝင်၊ မဝင်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးသန်းဇော်ဦးကဆက်ပြောသည်။
မြောက်ဦးဒေသအား (UNESCO)ဝင်ရန် မူကြမ်းအဆိုပြုလွှာတင်သွင်းပြီးပြီဖြစ်သော်လည်း မြောက်ဦးမြို့တွင် ကျူးကျော်နယ်မြေများ၊ တောင်ပေါ်မှ မြေတူးယူခြင်းများ စသည့်အခက်အခဲများရှိနေသေးသည်ဟု မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။
“အခုကျူးကျော်နယ်မြေတွေ အရမ်းများလာတယ်။ တောင်တွေဖြိုပြီး မြေတွေတူးယူကြတယ်။ အဲဒီလိုမျိုး လုပ်နေရင်တော့ ယူနက်စကိုဝင်ဖို့အတွက် သက်ဆိုင်ရာပညာရှင်တွေ လာရောက်စစ်ဆေးတဲ့အခါ အခက်အခဲ ဖြစ်နိုင်တယ်။ ဒီလိုမလုပ်ဖို့အတွက်ဆိုရင်တော့ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ အသိပညာပေးတာတွေ၊ ဆက်မလုပ်ဖို့ဟန့်တားတာတွေ၊ အရေးယူတာတွေ အဲဒီလိုဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်” ဟု ဆိုသည်။
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်(UNESCO)စာရင်း ဝင်ရောက်နိုင်ရန်နှင့် ရှေးဟောင်းအမွေအနှစ်ကို နိုင်ငံတကာစံနှုန်းနှင့်အညီ တန်ဖိုးထားပါက ဒေသအာဏာပိုင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများအနေဖြင့်လည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဆိုသည်။
UNESCO ဝင်ရောက်နိုင်ပါက မြောက်ဦးမြို့အနေဖြင့် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ခရီးသွားလုပ်ငန်း စသည်တို့မှာ ပိုမိုအားသာလာနိုင်ကြောင်းလည်း ပြောဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကိုဗစ်ရောဂါနှင့်နှင့် နယ်မြေဒေသမတည်ငြိမ်မှုများကြောင့်မြောက်ဦးဒေသကို ကွင်းဆင်းစစ်ဆေးမှုများမပြုလုပ်နိုင်ခဲ့သည့်အတွက် အပြီးသတ်အဆိုပြုလွှာတင်သွင်းမှုကို တစ်နှစ်နောက်ဆုတ်ထားခဲ့ရခြင်းလည်း ဖြစ်သည်။