- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ဒေသခံသုံးရာကျော် နီးစပ်ရာတောတောင်များကိုထွက်ပြေးခိုလှုံရ
ကေအန်ယူတပ်မဟာ(၁)နယ်မြေဖြစ်သည့် ကျိုက်ထိုမြို့နယ် ကဒိုင်ဒွတ်နှင့် မဲရုံးကြီးကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းအဖွဲ့ကြား ဇန်နဝါရီ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။
26 Jan 2022
DMG ၊ ဇန်နဝါရီ ၂၆
ကေအန်ယူတပ်မဟာ(၁)နယ်မြေဖြစ်သည့် ကျိုက်ထိုမြို့နယ် ကဒိုင်ဒွတ်နှင့် မဲရုံးကြီးကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းအဖွဲ့ကြား ဇန်နဝါရီ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။
မဲရုံးကြီး၊ လေးဘေမှ မိုးဘောကျေးရွာသို့လာသည့် စစ်ကောင်စီတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကေအန်ယူတပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးမှ DMG ကိုပြောသည်။
"မဲရုံးကြီးနဲ့ ဆောင်နိုင်ကြီးကျေးရွာကြားကနေပြီးတော့ စစ်ကောင်စီတပ်ကား ၉ စီး အင်အားက ၅၀ ကျော်လောက်က အလုံးအရင်းတက်လာတယ်။ အဲဒီကနေ ဒိုင်ကဒွက်ကျေးရွာကိုအရောက်မှာ ဒီဘက်ကပူးပေါင်းအဖွဲ့နဲ့တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"ဟု ၎င်းမှပြောသည်။
ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာလေးခုဖြစ်သည့် ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ ကဒိုင်းကဒွတ်နှင့် မိုးဘောကြီးတို့မှ ဒေသခံသုံးရာကျော်ခန့်မှာ နီးစပ်တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေရသူများမှာ ကျန်ခဲ့သည့်နေအိမ်များနှင့် ပိုင်ဆိုင်မှုပစ္စည်းများအတွက် စိုးရိမ်ပူပန်နေကြကြောင်း စစ်ဘေးရှောင်အရေး ကူညီရေးဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။
"ရွာသုံးလေးရွာလောက်ရှောင်ရတယ်။ ရွာသားတွေအကုန်နီးပါးရှောင်ရတာ။ အိမ်တွေကိုလည်းပစ်ထားခဲ့တော့ စိတ်မချဖြစ်နေကြရတယ်ပေါ့နော်။ အိမ်တွေထိခိုက်ကုန်ပြီလားပေါ့။ အခုကတော့ တိမ်းရှောင်နေရတဲ့သူတွေကို အဆင်ပြေသလိုပဲနေရာချပေးထားရတယ်"ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ကျောင်းရွာ၊ ဆောင်နိုင်ကြီး၊ မဲရုံးကြီးနှင့် ဂူကူးကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ(၁)ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။