- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်သွားရောက်သည့် လှေတစ်စီး မောင်တောတွင်ဖမ်းမိ
ရန်ကုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်သွားရောက်သည့် လှေတစ်စီးကို သြဂုတ် ၂၀ ရက်နေ့က မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
21 Aug 2021
DMG ၊ သြဂုတ် ၂၁
ရန်ကုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်သွားရောက်သည့် လှေတစ်စီးကို သြဂုတ် ၂၀ ရက်နေ့က မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
မောင်တောမြို့ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက “မနက် ၁၀ နာရီလောက်က ရန်ကုန်ကလာတဲ့ ငါးဖမ်းဘုတ်တစ်စီးကို ကညင်းချောင်းစီးပွားရေးဇုန်ချောင်းဝမှာ ဖမ်းမိတယ်။ ငါးတန်ချိန်နဲ့ လူဘယ်လောက်လည်းဆိုတာကိုတော့ ကျနော်တို့မသိသေးဘူး”ဟု ဆိုသည်။
အဆိုပါစက်လှေတွင် ငါးတန်ချိန် ၃၅ တန်ခန့်နှင့် လူ ၂၁ ဦးပါရှိပြီး စက်လှေတွင်ပါရှိသည့်ငါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောင်းချရန်သွားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
လက်ရှိတွင် ဖမ်းဆီးရရှိထားသည့်လှေအား ကညင်းချောင်းဆိပ်ကမ်းတံတားတွင် ကမ်းကပ်ခွင့်ပေးထားကြောင်း ဦးအောင်မြင့်သိန်းက ပြောသည်။
“လက်ရှိမှာတော့ သူတို့ကို ရေတပ်ကဖမ်းထားတယ်။ ရေတပ်က ဖမ်းလာပြီဆိုတော့ ရေအကောက်ခွန် သူတို့ လုပ်ထုံး၊ လုပ်နည်းအတိုင်းတော့ လုပ်နေကြတယ်။ လောလောဆယ်တော့ အဲဒီဘုတ်ကို ကညင်းချောင်းဆိပ်ကမ်းတံတားပေါ်မှာ ကပ်ခွင့်ပေးထားတယ်”ဟု ဆိုသည်။
အဆိုပါလှေဖမ်းဆီးရခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်အား DMG မှ ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
ရခိုင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြည်နယ်စစ်ကောင်စီက ယာယီပိတ်ထားသည်။