- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ငပလီတွင် လေသေနတ်များကိုင်ဆောင်၍ သွားလာနေသည့် ဒေသခံလူငယ် ၅ ဦးကို ဖမ်းဆီးအမှုဖွင့်
သံတွဲမြို့နယ်၊ ငပလီမြို့၊ ရွာရှည်ကျေးရွာအနီးတွင် လေသေနတ်များကိုင်ဆောင်ကာသွားလာနေ့သည့် ဒေသခံလူငယ် ၅ ဦးကို မတ်လ ၂၇ ရက်နေ့နေ့လည်ပိုင်းကဖမ်းဆီးခဲ့ကြောင်း သံတွဲရဲစခန်းမှသိရသည်။
28 Mar 2022
DMG ၊ မတ်လ ၂၈
သံတွဲမြို့နယ်၊ ငပလီမြို့၊ ရွာရှည်ကျေးရွာအနီးတွင် လေသေနတ်များကိုင်ဆောင်ကာသွားလာနေ့သည့် ဒေသခံလူငယ် ၅ ဦးကို မတ်လ ၂၇ ရက်နေ့နေ့လည်ပိုင်းကဖမ်းဆီးခဲ့ကြောင်း သံတွဲရဲစခန်းမှသိရသည်။
ထိုသို့ဖမ်းဆီးခံရသူ ၅ ဦးမှာ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ ကိုစိုးလွင်(၂၂)နှစ်၊ သံတွဲမြို့မှ ကိုစိုးမင်းဦး(၂၂)နှစ်၊ ကိုသန့်ဇင် (၁၉)နှစ်၊ ကိုထက်မြတ်ထွန်းနှင့် ဂျိတ္တောရပ်ကွက်မှ စိုင်လင်းထွန်း(၁၅)နှစ်တို့ဖြစ်ကြပြီး အသက်မပြည့်သေးသူများလည်းပါဝင်နေသည်။
လက်ရှိဖမ်းဆီးထားသူများကို သံတွဲမြို့နယ်ရဲစခန်းတွင် လက်နက်ကိုင်ဆောင်မှုပုဒ်မ-၁၉(စ)ဖြင့် အမှုဖွင့်ထားပြီး ချုပ်ရမန်ယူထားကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။
"သူတို့ကို မနေ့ကဖမ်းမိတယ်။ လက်လုပ်လေသေနတ် ၃ လက်။ လေထိုးတံတစ်ခု သူတို့လက်မှာဖမ်းမိတယ်။ အခုလောလောဆယ်တော့ သူတို့ကို သံတွဲရဲစခန်းမှာထားတယ်။ အမှုကတော့ လက်နက်ပုဒ်မ-၁၉(စ)နဲ့အမှုဖွင့်ပြီး ချုပ်ရမန်ယူထားတယ်" ဟု ၎င်းကဆေိုသည်။
ယခုဖမ်းဆီးခဲ့သည့် လေသေနတ်များမှာ အမဲလိုက်ရာတွင်အသုံးပြုခြင်းဖြစ်ကြောင်း သံတွဲဒေသခံများကပြောဆိုကြသည်။