- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမြို့တွင် ရေမြောင်းပိတ်ဆို့မှုများရှိနေသည့်အတွက် ရပ်ကွက်တချို့ မကြာခဏ ရေမြုပ်မှုခံနေရ
ရခိုင်ပြည် စစ်တွေမြို့တွင် ရေမြောင်းများ ပိတ်ဆို့နေခြင်း၊ ရေစီးရေ မကောင်းသည့်အတွက် ရွေပြားရပ်ကွက်၊ မင်းဂံရပ်ကွက်၊ ဆင်ကူးလမ်းရပ်ကွက်၊ လမ်းမတောင်ရပ်ကွက် စသည့်ရပ်ကွက်များတွင် မိုးရွာသွန်းသည်နှင့် ရေမြုပ်မူများ မကြာခဏဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
15 Jun 2022
DMG ၊ ဇွန် ၁၅
ရခိုင်ပြည် စစ်တွေမြို့တွင် ရေမြောင်းများ ပိတ်ဆို့နေခြင်း၊ ရေစီးရေ မကောင်းသည့်အတွက် ရွေပြားရပ်ကွက်၊ မင်းဂံရပ်ကွက်၊ ဆင်ကူးလမ်းရပ်ကွက်၊ လမ်းမတောင်ရပ်ကွက် စသည့်ရပ်ကွက်များတွင် မိုးရွာသွန်းသည်နှင့် ရေမြုပ်မူများ မကြာခဏဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့၊ မင်းဂံရပ်ကွက်(၅)ရပ်ကွက်မှ ဒေသခံတစ်ဦးဖြစ်သူ မဖြူပြာချေက “ ရေမြောင်းမရှိတော့ ရေစီးရေလာ မဖြစ်ဘူး။ မိုးရွာရင် ရေတွေပြည့်လျှံပါတယ်။ မိုးတအားရွာရင် ရေတက်တာက ဒူးလောက်ကို ရောက်တယ်။ ဒါတွေကို လုပ်ပေးရင်တော့ ကောင်းတာပေါ့။ အဓိကရေမြောင်းတူး ပေးစေချင်တယ် ” ဟု ၎င်းက ဆိုသည်။
ထိုသို့ စစ်တွေရပ်ကွက်အချို့တွင် မကြာခဏ ရေနစ်မြုပ်မှုဖြစ်ပွားနေရခြင်းမှာ စစ်တွေမြို့တွင် အကောင်အထည်ဖော်နေသည့် ကုလားတန်စီမံကိန်း၊ ကိုးရီးယာဆိပ်ကမ်းစီမံကိန်းများကြောင့် ချောင်းရေစီး ကြောင်းများ ပိတ်သွားရခြင်းဟု ဒေသခံများက ပြောဆိုနေကြသည်။
“ ပထမတချက်က ကုလားတန်စီမံကိန်းကြောင့် ရေမြောင်းတွေပိတ်တယ်။ ရေစီးဆင်းမူ ချောင်းပေါက်တွေငယ် သွားတယ်။ နောက်ပြီးတော့ ကိုးရီးယားဆိပ်ကမ်းစီမံကိန်းကြောင့် ရေစီးကြောင်းတွေပိတ်သွားတယ်။ အဓိက ဒီဟာတွေကို လုပ်ပေးဖို့အတွက် အစိုးရမှ တာဝန်ရှိတယ်။ အစိုးရဖက်က လုပ်ဆောင်မူ အားနည်း ချက်တွေရှိတယ် ” ဟု စစ်တွေဒေသခံ ဦးခိုင်ကောင်စံ က ပြောသည်။
ထိုသို့ စစ်တွေမြို့တွင် ရေမြောင်းမရှိခြင်းများ၊ ရှိသည့်ရေမြောင်းမှာလည်း အမှိုက်သရိုက်များနှင့် ပိတ်ဆို့သည့်အတွက် မြို့တွင်းရေနစ်မြုပ်မှုတို့မှာ နှစ်စဉ်ဖြစ်ပေါ်နေရခြင်းဖြစ်ကာ သက်ဆိုင်ရာ အစိုးရအာ ဏာပိုင်များကလည်း အဆိုပါ ကိစ္စကို စိတ်ဝင်စားမှုမရှိသည့် ယခုကဲ့သို့ ဖြစ်နေရခြင်းဟု မြို့ခံများက ပြောသည်။
စစ်တွေမြို့ ရပ်မိရပ်ဖ တဦးဖြစ်သူ ဦးမောင်သာစိန်က “ ကျွန်တော် ကလေးဘဝတုန်းကဆိုရင် စစ်တွေမှာ ရေထွက်ပေါက်တွေရှိတယ်။ အခုက ရေထွက်ပေါက်တွေအကုန်လုံးပိတ် သွားပြီ။ မြို့လယ်ချောင်းကလည်း အခုတိမ်သွားပြီ။ ဒီပြသာနာကို ဖြေရှင်းနိုင်မယ်ဆိုရင် အဓိကတော့ စည်ပင်မှာတာဝန်ရှိတယ်၊ သူတို့မှာလည်း ငွေမရှိတော့မလုပ်နိုင်ဘူး။ တက်လာ တဲ့အစိုးရမှာလည်း ဒီဟာတွေကို စိတ်ဝင်စားလူနည်းတယ် ” ဟု ဝေဖန်သည်။
အဆိုပါ ရေမြောင်းများ ပိတ်ဆို့နေမှု ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးအား DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အား မေးမြန်းရန်ပြောကြားသည်။
ယင်းကြောင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စိုးကို တာဝန်ရှိသူ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ထိုသို့ စစ်တွေမြို့ရှိ တချို့နေရာများတွင် ရေမြောင်းမရှိခြင်း၊ ရေမြောင်းပိတ်ဆို့မှုများ ရှိနေမှု၏ အကျိုးဆက် ကြောင့် မိုးရာသီရောက်လာသည်နှင့် အဓိကလူသွားလူလာများသော အချို့သောလမ်းမပေါ်တွင် အပါက်အပြဲ များ၊ ချောက်ခွက်များဖြင့် ရေဝပ်နေမှုများဖြင့် ဆိုးရွားစွာ ပျက်စီးမှုများရှိနေခြင်းလည်းဖြစ်ပေါ်နေ သည်။