- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မွတ်ဆလင်များ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဇွန်လ ၁၄ ရက်နေ့က ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်သတင်းစာ မြန်မာ့အလင်းတွင် ဖော်ပြသည်။
15 Jun 2022
DMG ၊ ဇွန် ၁၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဇွန်လ ၁၄ ရက်နေ့က ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်သတင်းစာ မြန်မာ့အလင်းတွင် ဖော်ပြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဦးချမ်းအေးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာမာစွတ် ဘင် မိုမမ် (Mr. Masud Bin Momen) တို့အပြင် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
နေရပ်စွန့်ခွာသူများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်နေမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများ ဖြေရှင်းနိုင်ရေး၊ စိစစ်ပြီးသူများကို ပြန်လည် လက်ခံရေးလုပ်ငန်းစတင်နိုင်ရန်အတွက် အစီအမံများပြင်ဆင် ဆောင်ရွက်နေမှုလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြန်လည်ဝင်ရောက်လာသူများကို နေရာချထားရေး အစီအမံများ၊ ပြန်လည်ဝင်ရောက်လာ မည့်သူများ မိမိဆန္ဒအလျောက် နေရပ်ပြန်စေရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများ စသည့် ကိစ္စရပ်တို့ကို နှစ်ဖက် ဆွေးနွေးခဲ့ကြသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
ထို့ပြင် နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရာတွင်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘော တူညီချက်များသာမက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
နေရပ်စွန့်ခွာသူများကို ပြန်လည်စိစစ်ရာတွင် ဖြစ်ပေါ်လာနိုင်သည့်ကိစ္စရပ်များကို အဖြေရှာနိုင်ရန်အတွက် ဖွဲ့စည်းထားပြီးဖြစ်သည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးလုပ်ငန်း စဉ်ဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် အထူးအဖွဲ့အကြား ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရေး တို့ကိုလည်း ဆွေးနွေးသည်ခဲ့ ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်ထားရှိမှု၊ ပြန်လည်လက်ခံရေးစခန်းများ၊ ကြားစခန်းနှင့် နေရာချထားပေးမည့် ကျေးရွာများရှိ နေအိမ်များကိုပြန်လည် မွမ်းမံပြင်ဆင်နေမှု၊ ပြန်လည် ဝင်ရောက်လာမည့်သူများအတွက် အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွင် မိတ်ဖက်နိုင်ငံများ၊ အာဆီယံနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြထား သည်။
၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA အဖွဲ့သည် ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က ပြန်လည်လက်တုန့်ပြန်ရာတွင် မွတ်ဆလင် (၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး သွားရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။
ထွက်ပြေးသွားသော မွတ်ဆလင်များကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)လက်ထက်ကလည်း ပြန်လည်လက်ခံရေးအတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ ပေ။လက်ရှိတွင်လည်း စစ်ကောင်စီသည် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် အရှိန်ဟုန်မြှင့်တင် ကာ ကြိုးစားနေသည်ကိုတွေ့ရသည်။
ကနဦးအနေဖြင့် မွတ်ဆလင် ၇၀၀ ကို ပြန်လည်ခေါ်ယူရန်စီစဉ်နေပြီး တစ်ပတ်လျှင် ၁၅၀ ဦးလက်ခံရန် ပြင်ဆင် နေသည်။ ပြန်ဝင်လာမည့်သူများကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေး စခန်းတို့တွင် နေရာချထားပေးရန် စီစဉ်ထားကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG ကိုပြောထားသည်။
လက်ရှိတွင် မြန်မာတွင် စစ်တပ်က အာဏာသိမ်းထားသဖြင့် အခြေအနေများရှုပ်ထွေးနေသဖြင့် မွတ်ဆလင်များ သည် လုံခြုံစိတ်ချရမည့်အခြေအနေနှင့်နိုင်ငံရေးအခြေအနေများကြောင့် ပြန်လည်ဝင်ရောက်လာကြဦးမည်မ ဟုတ်ဟု ရခိုင်အရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။