- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒီမော့ဆိုတွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာ ကျေးရွာအတွင်းသို့ မနေ့က ဇွန်လ ၁၀ ရက် ည (၉) နာရီကျော် အချိန်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
11 Jun 2022
DMG ၊ ဇွန် ၁၁
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာ ကျေးရွာအတွင်းသို့ မနေ့က ဇွန်လ ၁၀ ရက် ည (၉) နာရီကျော် အချိန်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ငွတောင် အခြေစိုက်ခလရ (၁၀၂) တပ်ကနေ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တာ။ တမင်တကာ ပစ်တာပါ။ ၁၀ ချက်ကျော်လောက်ရှိတယ်။ ရွာထဲကနေ အိမ်တွေလည်းထိတယ်။ ရွားသားတွေ သေတာ၊ ဒဏ်ရာရတာ လည်းရှိပါတယ် ” ဆောင်ဒူလာ ကျေးရွာသား တဦးက ပြောသည်။
စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်သည်ဟုဆိုကာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိမိနေအိမ်တွင်ရှိနေသူ အသက် (၅၄) နှစ်အရွယ် ဦးကိုရီဆိုသူ သေဆုံးခဲ့ရပြီး အသက်(၅) နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက်(၁၈) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက်(၁၅)နှစ်အရွယ်
အမျိုးသမီးကလေးငယ်တစ်ဦးတို့မှာ ခန္ဓာကိုယ်နှင့် ခြေလက်အင်္ဂါတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF ပူးပေါင်းအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။
“ရွာထဲကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ပစ်တာလို့ပြောလို့ရတယ်။ သေဆုံးတဲ့သူရော ထိခိုက်တဲ့ သူတွေအားလုံးက မိသားစုဝင်တွေဖြစ်နေတယ်။ အဖေဖြစ်သူကတော့ လက်နက်ကြီးမှန်ပြီးသေတယ်။ သမီးတစ်ယောက်ရယ်။ အမျိုးထဲက တစ်ယောက်ရယ်၊ ငါးနှစ်အရွယ်မြေး မလေးရယ်ကတော့ ထိခိုက်ဒ ဏ်ရာရသွားတယ် ” ဟု စစ်ရှောင်များကို ဆေးဝါး ကုသပေးနေသည့်ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိတွင် ဆောင်ဒူးလာကျေးရွာအုပ်စုမှ ဒေသခံ ၁၀၀၀ ကျာ်တို့မှာ နီးစပ်ရာ စစ်ရှောင်စခန်းနှင့် ကျေးရွာအချို့သို့ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် နေထိုင်ရေး အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်းလည်း အဆိုပါ စစ်ရှောင်အရေး အကူအညီပေး နေသူများ ထံမှ သိရသည်။
“ရွာသားတစ်ထောင်ကျော်နီးပါးက အခု တိမ်းရှောင်နေရတယ်။ အချို့ကတော့ စစ်ရှောင်စခန်းတွေကို ရောက်လာတဲ့ သူရှိတယ်။ အချို့ကတော့ နီးစပ်တဲ့ ကျေးရွာတွေကို ရှောင်လာတာရှိတယ်။ သူတို့ အတွက်စား နပ်ရိက္ခာတွေ နေထိုင်စရာတွေ ပေးအပ်ဖို့ အခက်အခဲတွေရှိ နေပါတယ် ” ဟု စစ်ရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ဆိုသည်။
အဆိုပါ ဒေသခံတို့ ထိခိုက် ဒဏ်ရာရ သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ဖြေရှင်းချက် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံ ထိခိုက် ဒဏ်ရာရ သေဆုံးရသူ ဦးရေ (၁၀၈) ဦး အထိရှိနေပြီဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့ထံမှ သိရသည်။